ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသည့် H.E. Mr. Iskander Azizov အား ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုရှားနိုင်ငံရှိတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် မြန်မာနိုင်ငံမှတက္ကသိုလ်များအချင်းချင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သုတေသနလုပ်ငန်းများ၊ နျူးကလီးယား နည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ပညာသင်စေလွှတ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

1
2
3
4
previous arrow
next arrow
Shadow

 

Leave a Reply

Your email address will not be published. Required fields are marked *