သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

(Department of Research and Innovation)

  • ၁၉၄၇ ခုနှစ်မှစတင်၍ “နိုင်ငံတော်စက်မှုလက်မှုသုတေသနဌာန” အမည်ဖြင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပြီး ခေတ်ကာလနှင့် လျော်ညီစွာ အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ (၁.၄.၂၀၁၅) ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (Department of Research and Innovation - DRI) အမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

  • This Department was established in 1947 as the "State Industrial Research Institute". After that it was appropriately reorganized in stages and evolved on the 1st April of 2015, as the Department of Research and Innovation (DRI) under the Ministry of Science and Technology.
  • နိုင်ငံ့အကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့်ဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဆောင်ရွက်၍ နည်းပညာ လွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊

  • သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ် များနှင့် စက်မှုလုပ်ငန်းများအကြား သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊

  • နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမူဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန်စံညွှန်းများချမှတ်ခြင်း၊ အရည် အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

  • ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊

  • လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ လက်တွေ့ အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးရန်၊

  • နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊

  • လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်၊
  • To provide technical advices, technology transfer and dissemination of the technical information by conducting research and innovation activities in science and technology that benefit for the nation

  • To strengthen the research collaboration with international organizations, regional organizations, local organizations, research centers, universities and industries for promoting research activities in science, technology and innovation

  • To implement the adoption of Myanmar Standards supporting the National Investment and Economic Policy and Conformity Assessment Activities

  • To perform modern testing services accurately as a reference laboratory

  • To provide sustainable practical based scientific and technological trainings to support the human resource development

  • To conduct innovative ICT research with local and international collaboration to achieve greater impact on social, economic, education and health sectors of the nation

  • To provide advanced human resource development trainings to foster the research and capacity building of Information and Communication Technology (ICT)
  • စီးပွားရေးနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ၊ အီလက် ထရောနစ်နည်းပညာကဏ္ဍ၊ ဓါတုနည်းပညာကဏ္ဍ၊ အစားအစာနည်းပညာကဏ္ဍ၊ ပိုလီမာနှင့် ကွန်ပို့စစ်နည်းပညာ ကဏ္ဍနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍများတွင် သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်၊

  • စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုသော အမျိုးသား အဆင့် အရည်အသွေး အခြေခံအဆောက်အအုံများ ကြံ့ခိုင်အားကောင်းလာစေရေး ဆောင်ရွက်ရန်၊

  • အဆင့်မြင့်ဓာတ်ခွဲခန်းများဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက် အကူပြုသော ဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊

  • တက္ကသိုလ်များ၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

  • နည်းပညာကဏ္ဍအသီးသီးတွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
  • To conduct research and innovation on renewable energy sector, electronic technology sector, chemical technology sector, food technology sector, polymer and composite technology sector, and information and communication technology sector to contribute to socio-economic development of the nation

  • To perform strengthening National Quality Infrastructures (NQI) providing the development of Economic and Trade Affairs

  • To provide laboratory testing services that support health, education, and environmental conservation through advanced laboratories

  • To collaborate with universities and industries

  • To cooperate and collaborate with local and international organizations to foster the various aspects of technology
  • မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စံချိန်စံညွှန်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

  • အမျိုးသားအဆင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံအား ထူထောင်၍ တိကျစွာတိုင်းတာခြင်းနည်းပညာ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

  • ISO/IEC 17025 လက်မှတ်ရဓာတ်ခွဲခန်းများ ဖြစ်ပေါ်လာရေးဆောင်ရွက်ခြင်း၊ ဓာတ်ခွဲခန်းကွန်ရက်တည်ထောင် ခြင်းနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ ကျွမ်းကျင်မှုအရည်အချင်း မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

  • စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားသွင်းကုန်၊ ပို့ကုန် ပစ္စည်းများနှင့် ကုန်ကြမ်း၊ ကုန်ချောများကို ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခုအနေဖြင့် အရည်အသွေးစစ်ဆေး ဓာတ်ခွဲ တိုင်းတာစမ်းသပ်ပေးခြင်း၊

  • ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာဆိုင်ရာ ခေတ်မီနည်းပညာများလေ့လာခြင်းနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာများဖော်ထုတ်ပေးခြင်း၊ သုတေသနရလဒ်များအား နည်းပညာဖြန့်ဝေခြင်း နှင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊

  • ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးရေးဆိုင်ရာ လက်တွေ့ဓာတုဗေဒနည်းပညာ၊ နာနိုနည်းပညာ၊ အစားအစာနည်းပညာ၊ ဆေးဝါးအထောက်အကူပြုနည်းပညာ၊ ပိုလီမာနှင့် ကွန်ပို့စစ်နည်းပညာ သုတေသနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနရလဒ်များကို နည်းပညာတောင်းဆိုထားသော စီးပွားရေးလုပ်ငန်းရှင်များထံသို့ နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေပေးခြင်း၊ နည်းပညာအကြံပေးခြင်းများနှင့် နည်းပညာပြန့်ပွားခြင်းများ ဆောင်ရွက်ခြင်း၊

  • နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့် စက်မှုလုပ်ငန်းများအကြား သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊

  • သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ အသိဉာဏ်မျှဝေခြင်း၊ သတင်းအချက်အလက်များ ပြုစုထိန်းသိမ်းခြင်းနှင့် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

  • အမျိုးသားသိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုကောင်စီရုံး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊

  • နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့်‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

  • လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊
  • Conducting to promulgate and implement the Law on Standardization for the development of Myanmar standards and accreditation

  • Conducting to promulgate and implement the Law on Metrology thereby the establishment of National Institute of Metrology (Myanmar)

  • Performing to achieve the ISO/IEC 17025 accredited Laboratories, strengthen the laboratory network and improve the proficiency and competency skills of laboratory personnel

  • Quality testing as a reference laboratory for imports, exports, raw materials and goods for the development of industrial manufacturing and entrepreneurs

  • Studying advanced technologies, conducting research works, investigating new technologies, disseminating and transferring the research outcomes in renewable energy and electronic technology

  • Performing the innovative development in the area of applied chemical technology, nanotechnology, food technology, pharmaceutical and medical supportive technology, polymer and composite Technology; to transfer, disseminate, share and advise the outcomes to the entrepreneurs who demand those technologies

  • Collaborating the research and development matters among international organizations, regional organizations, local organizations, research centers, universities and industries

  • Organizing seminars, conferences and knowledge sharing talks; collecting data and providing information for the improvement in science, technology and innovation

  • Conducting the functions of the National Science, Technology and Innovation Council Office

  • Conducting innovative ICT research with local and international collaboration to achieve greater impact on social, economic, education and health sectors of the nation

  • Providing advanced human resource development trainings to foster the research and capacity building of Information and Communication Technology (ICT)