မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဆိုင်ရာ မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၆

မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှုစီမံကိန်း အမျိုးအစား များကို ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်ကို လက်တွေ့ကျကျ အထောက်အပံ့ ပြုပေးနိုင်မည့် သုတေသနစီမံကိန်းများကိုသာ အဓိကရှေ့ရှုဆောင်ရွက်ရန်၊ ယနေ့ ဆွေးနွေးပွဲတွင် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(MKCF)ဆိုင်ရာ ဦးစားပေးကဏ္ဍများဖြစ်သည့်  ယဉ်ကျေးမှုနှင့် ခရီး သွားလာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင်၊ သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများဟူသည့် ကဏ္ဍ(၇)ခုနှင့် စပ်လျဉ်းပြီး ဒေသတွင်းဖွံ့ဖြိုးရေးအတွက် သတ်မှတ်မူဝါဒများနှင့်အညီ ပန်းတိုင်များ ချမှတ်၍ စီမံကိန်းများ ဖော်ထုတ်သတ်မှတ်ရန်၊ အစီအစဉ်များ ရေးဆွဲရန်တို့အတွက် အားလုံးအကြံပြု ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် ရေရှည်အကျိုးပြုမည့် သုတေသန စီမံကိန်းများ အောင်မြင်စေရေးအတွက် ဌာနများနှင့် အဖွဲ့အစည်းများ အားလုံးတက်ညီလက်ညီဖြင့် ဦးလည်မသုန် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ချက် ခိုင်မာစေရေးမှသည် မဲခေါင်ဒေသတွင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအထိ ရရှိလာသည့် သုတေသနရလဒ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စီမံကိန်းများ ဆောင်ရွက်ရင်း မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် အပြန်အလှန်ဖလှယ်ရေး အကျိုးကျေးဇူးများပါ ရရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနနှင့် အခြားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ သုတေသနပညာရှင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

0-1
0-2
0-3
0-4
0-6
0-7
1
2
9
11
12
13
13-1
14
15
15
15-1
16
17
18
19
20
21
22
23
24
25
26
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *