ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ဓာတ်တော်)တွင် သုတေသနလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီလ ၅ ရက်၊ နေ့လယ်ပိုင်း၌ ကျောက်ဆည်မြို့ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ဓာတ်တော်)တွင် သုတေသနလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုအားပေးစဥ် ဒုတိယဝန်ကြီးက နိုင်ငံ့ဖွံ့ဖြိုးရေးရည်မှန်းချက်များ အောင်မြင် ပြည့်မီအောင် လက်တွေ့ကျကျ အထောက်အပံ့ပြုနိုင်မည့် သုတေသနများကို အဓိကဆောင်ရွက်ရန်၊ သတ္တုရိုင်းသိုက်များမှ အဖိုးတန်သတ္တုများထုတ်လုပ်ခြင်းကဏ္ဍဖွံ့ဖြိုးနိုင်ရေး သတ္တုပါဝင်မှုမြှင့်တင်ပေးခြင်း နှင့် သတ္တုသန့်စင်ခြင်းလုပ်ငန်းများဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများ စံချိန်စံညွှန်းများ ပြည့်မီရန်နှင့် သုတေသနပညာရှင်များသည် အမြဲမပြတ် လေ့လာကာ အရည်အသွေးများ မြင့်မားအောင် ဆန်းစစ်မြှင့်တင်ရန်၊ တိုင်းကျိုးပြည်ပြု ဒြပ်ပစ္စည်းသုတေသနများဖြင့် ရှင်သန်သက်ဝင်ကာ မျိုးဆက်သစ်ရင်းမြစ်များ စဥ်ဆက်မပြတ် ထွန်းကားလာစေသော ဝန်းကျင်ကောင်း တစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဒုတိယဝန်ကြီးသည် ကြွေထည်သုတေသနဌာနခွဲရှိ ကြွေထည်အမျိုးအစားသစ်များ ထုတ်လုပ်ခြင်း၊ ကြွေထည်ဂုဏ်သတ္တိများ စစ်ဆေးခြင်းနှင့် သတ္တုကွန်ပိုစစ်ပစ္စည်းများထုတ်လုပ်ခြင်း သုတေသနတို့ကို လည်းကောင်း၊ ပေါ်လီမာသုတေသနဌာနခွဲရှိ ပေါ်လီမာပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပေါ်လီမာများ၏ ဂုဏ်သတ္တိများကို စစ်ဆေးခြင်း သုတေသနတို့ကို လည်းကောင်း၊အီလက်ထရောနစ်နှင့် သံလိုက်ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာနခွဲရှိ EV သုံး လီသီယမ်ဘက်ထရီဆိုင်ရာ ဒြပ်ပေါင်းများ ထုတ်လုပ်ခြင်းနှင့် လျှပ်စစ် စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်သတ္တုများ ထုတ်လုပ်ခြင်း သုတေသနတို့ကို လည်းကောင်း၊  ဗဟိုဓာတ်ခွဲ ဌာနခွဲရှိ သတ္တုရိုင်းသိုက်များ ဖွဲ့စည်းပါဝင်မှုများ စမ်းသပ်ခြင်း၊ သတ္တုများတွင် ပါဝင်သော ဒြပ်စင်များ၏ ပမာဏအား စစ်ဆေးခြင်းနှင့် ထုတ်လုပ်သတ္တုများရှိ သန့်စင်မှုပမာဏကို စစ်ဆေးခြင်း သုတေသနတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သုတေသနပြုထုတ်လုပ်ထားသော ဒြပ်ပစ္စည်းများကို  နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ပိုင် စက်ရုံများတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေး သုတေသန ရလဒ်/နည်းပညာများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးနိုင်ရေးကို  ထိရောက်ပီပြင်စွာ ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ အခက်အခဲတင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

1
4
5
6
7
7-1
8
8-1
9
10
11
12
13
14
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *