နည်းပညာဆရာများ၏ စွမ်းရည်များ မြင့်မားစေရေး စဥ်ဆက်မပြတ် လေ့ကျင့်မြှင့်တင်ပေး

နေပြည်တော် ဧပြီ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၅ ရက် နံနက်၌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)သို့ ရောက်ရှိပြီး  ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသည့် သင်ကြား၊သင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှု မွမ်းမံသင်တန်း၏ နောက်ဆုံးနေ့တွင် သင်တန်းသားများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် သင်တန်းသားများ၏ အဖွဲ့လိုက် ဆွေးနွေးတင်ပြမှုများနှင့် အီလက်ထရောနစ်အင်ဂျင်နီယာဌာနတွင် သင်တန်းသားများက ကွန်ပျူတာဒီဇိုင်း ရေးဆွဲကာ တည်ဆောက်ထားသည့် ဆားကစ်များကို ကြည့်ရှုအားပေးကာ လျှပ်စစ်သီအိုရီပိုင်း ကျွမ်းကျင် ပိုင်နိုင်မှုကို လက်တွေ့ကျကျ အသုံးချကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အခြားအင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများတွင် သင်တန်းသား များ၏ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဆောင်ရွက်လျက်ရှိသော သုတေသနများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အဆိုပါ သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက် ကာ အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော် GDP မြှင့်တင်နိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး/မွေးမြူရေးမှ ဒေသထွက်တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် လိုအပ်သော ကျွမ်းကျင်နည်းပညာရှင်များ စဥ်ဆက်မပြတ်ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ပျိုးထောင်ရာ၌ ဒေသတွင်းအခြားနိုင်ငံများမှ ပညာရှင်များနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်စေရေးနှင့် နိုင်ငံတကာအသိအမှတ် ပြုမှုရရှိစေရေးတို့အတွက် ဆရာ၊ဆရာမများသည် နည်းပညာအရည်အသွေးများ ပြည့်မီအောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့၏ စွမ်းရည်များကို တစ်ဦးစီအပြင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွင်ပါ မြင့်မားသည်ထက် ပိုမိုမြင့်မားစေ အောင် အစဥ်ဆန်းစစ်ကာ မြှင့်တင်ကြရန်နှင့် ခေတ်မီနည်းပညာများကို စံနှုန်းများနှင့်အညီ လေ့ကျင့် ပေးနိုင်သည့် ရပ်ဝန်းကောင်းများကို ထိရောက်ပီပြင်စွာ ဖန်တီးပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြပြီး ဒုတိယဝန်ကြီးက ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။ ထို့နောက် သင်တန်းဆင်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ သင်တန်းဆင်းပွဲ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းဆင်းများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်ချက် အခက်အခဲ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ၂၀၁၁ ခုနှစ်မှစတင်၍ ဌာန (၇) ခုမှ သင်ကြား၊သင်ယူမှု၊ လက်တွေ့ကျွမ်းကျင်မှုနှင့် နည်းပညာစွမ်းရည် မြှင့်တင်ရေး သင်တန်း (၄၅) ခုကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းဆင်းဦးရေ (၉၆၃၅) ဦး အနက် ၂၀၂၁ ခုနှစ်မှ လက်ရှိကာလအထိ သင်တန်းဆင်းဦးရေ (၄၆၇၇) ဦး ရှိကြောင်း သိရသည်။

1
2
2-1
2-4
3-2
4-1
5
5-3
5-4
5-5
6-1
6-2
6-3
7
8
9
10
previous arrow
next arrow
Shadow

 

Leave a Reply

Your email address will not be published. Required fields are marked *