ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး နည်းပညာသုတေသနများ မြှင့်တင်ဆောင်ရွက်ပေး

နေပြည်တော် ဧပြီ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၂ ရက် နံနက်၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဟင်္သာတမြို့ရှိ  နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ဒေသတွင်းဖွံ့ဖြိုတိုးတက်ရေးအတွက်သာမက ပြည်သူများ၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းစဥ်များတွင်လည်း တာဝန်ကျေပွန်စွာ သယ်ပိုး ရွက်ဆောင်နိုင်သော တက္ကသိုလ်/ကျောင်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်၊ နိုင်ငံချစ်စိတ် ရှိ၍ အရည်အသွေးပြည့်မီသော လူငယ်အင်ဂျင်နီယာများ၊ နည်းပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်း လာစေရေး ဆောင်ရွက်သွားရန် တိုးတက်မှုမြန်ဆန်နေသည့် နောက်ဆုံးပေါ်နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်သော တက္ကသိုလ်/ကျောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး တာဝန်ရှိသူများနှင့် ထူးချွန်ဆရာ၊ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် လက်ဖက်ရည်ဝိုင်းတွင်တာဝန်ရှိသူများ၊ ကျောင်းသားများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်ချက်တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ဟင်္သာတ)သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုူအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ ဖြေဆို နိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးရန်နှင့် Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် မြို့ပြအင်ဂျင်နီယာဌာနရှိ Fluid Lab ၊ Strength Lab နှင့် Water Resources Lab ရှိ စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ ရေဆိုးသန့်စင်စနစ် သုတေသနများမှ စမ်းသပ်မှုရလဒ်များ၊ စက်မှုအင်ဂျင်နီယာဌာနရှိ စက်မှုလယ်ယာသုံး စက်ပစ္စည်းကိရိယာများဆိုင်ရာ သုတေသနများနှင့် Hexa-Pedal Robot Mechanism ဆောင်ရွက်ထားမှု အခြေအနေများ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ ဓာတ်ငွေ့သန့်စင်စနစ် Electrostatic Precipitator (ESP) သုတေသနမှ စမ်းသပ်မှုရလဒ်များ၊ Solid State Tesla Coil မှ ကြိုးမဲ့လျှပ်စစ်ကူးပြောင်းခြင်း စမ်းသပ်မှုရလဒ်များနှင့် EV သုံး မော်တာဆိုင်ရာ သုတေသနမှ စမ်းသပ်မှုရလဒ်များ၊  အီလက်ထရောနစ်အင်ဂျင်နီယာဌာနရှိ Wi-Fi ဖြင့်ထိန်းချုပ်သည့် ငါးအစာကျွေးစနစ်နှင့် အခြားသုတေသနများစမ်းသပ်မှုရလဒ်များကို ကြည့်ရှုစစ်ဆေးကာ အမျိုးသားရေး ရည်မှန်းချက်များ ပြည့်မီစေရေးနှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို လက်တွေကျကျ ဖော်ဆောင် ပေးနိုင်သည့် သုတေသနလုပ်ငန်းဖြင့် ရှင်သန်သက်ဝင်နေသော အင်ဂျင်နီယာဌာနများ ထိရောက်ပီပြင်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် MSME လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် လွှဲပြောင်းဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ရှိ Smart Class Room နှင့် Language Lab များကို ကြည့်ရှုစစ်ဆေးပြီး၊ ကွန်ပျူတာခန်း၌ ကျောင်းသား၊ကျောင်းသူများ ပရောဂျက်များဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေး၍ အနာဂတ်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်၍ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်း အင်ဂျင်နီယာများ ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ခိုင်စပယ် စပါးခွံလောင်စာသုံး Gasifier စက်ရုံ လည်ပတ် မောင်းနှင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။

1
2
3
5
7
9
11-1
12
13
14
14-1
14-2
15
15-1
16
17
18
19
20
21
22
23
23-2
24
25
26
26-1
27
30
30-1
30-2
30-3
30-4
34
35
36
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *