ဇီဝနည်းပညာသုတေသနဦးစီးဌာန

(Department of Biotechnology Research)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီသည် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ (၃၀/၉၆)ဖြင့် ဝန်ကြီးဌာနအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ ဝန်ကြီး ဌာနအသစ်ကို ယခင်အမှတ်(၂)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဌာနအား ကျောရိုးမဏ္ဍိုင်အဖြစ် ထားရှိဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဝန်ကြီးဌာနလက်အောက်၌ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်သော နည်းပညာဖြစ်သည့် ဇီဝနည်းပညာကိုဌာနတစ်ခုအနေဖြင့် ၁၉၉၈ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါသည်။

ဇီဝနည်းပညာသည် လူသားတို့၏ အကျိုးစီးပွားအရပ်ရပ်အပေါ် ထိထိရောက်ရောက်အကျိုးပြုသော လုပ်ဆောင်ချက် နယ်ပယ်တစ်ရပ်အဖြစ် အလျင်အမြန်ပေါ်ထွက်လာခဲ့ရာ အစားအသောက်ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်ထုတ်စွမ်းရည်၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူသားတို့၏ဘဝ အရည်အသွေးမြင့်မားရေးတွင် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ (၂၀)ရာစုခုနှစ်ကို အီလက်ထရောနစ်ခေတ်ဟု သတ်မှတ်ခဲ့ကြသကဲ့သို့ပင် (၂၁)ရာစုကို ဇီဝနည်းပညာခေတ်ဟု သတ်မှတ်ကြပါတော့မည်။

၁၉၉၈ ခုနှစ်မှ ယနေ့အချိန်ကာလအထိ ဇီဝနည်းပညာဌာန၌ ပါရဂူဘွဲ့၊ မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့များ အသီးသီးရရှိပြီးဖြစ်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ဤဦးစီးဌာနကို ၁၅-၁-၂၀၁၅ နေ့တွင်ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီး ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ တံစိုးဂိတ်တွင် မြေဧရိယာ (၁၂)ဧက ပေါ်တွင်တည်ဆောက်၍ Lab ခန်းပေါင်း (၁၄)ခုဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ဇီဝနည်းပညာသုတေသနဦးစီးဌာနအဖြစ် (၂၇-၉-၂၀၂၁) နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)မှ သဘောတူခွင့်ပြုခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တာဝန်ယူကြီးကြပ်စီမံ ဆောင်ရွက်လျက်ရှိပါသည်။

The State Peace and Development Council inaugurated the Ministry of Science and Technology as a new Ministry on 2nd October 1996 by Order No. 30/96 to effectively carry out the scientific and technological progress. The new ministry was organized the Department of Myanmar Science and Technology Research under the former Ministry of Industry No. 2 as the backbone. Under the Ministry of Science and Technology, Biotechnology that can be widely used in various fields was established as the Department of Biotechnology in 1998. Biotechnology has rapidly emerged as an effective area of activity that is beneficial to all human beings, and has led to the development of the Food industry, Agriculture, Environmental protection, Manufacturing, Productivity, Trade, and Business. It has played an important role in improving health and quality of life for human beings. Just as the 20th century was defined as the electronic age, the 21st century will be referred to as the biotechnological age. From 1998 to the present, Department of Biotechnology has developed human resources such as Ph.D, Master and Bachelor degree, post-graduated diploma, and many students graduated in Biotechnology. This Department was approved by the Union Government on 15th January 2015 and was built on 12 acres of land in Tasoe Gate, Aye Mya Kyi Lin Ward, Kyaukse Township and research works are being carried out with 14 laboratories. Currently, this department is under the supervision of the Deputy Director General after approving by the Union Government Meeting No. 1/2021 held on 27th September 2021 as the Department of Biotechnology Research.

  • ဇီဝနည်းပညာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်တတ်မြောက်၍ အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များ ပေါ်ထွက် လာစေရန်
  • ဇီဝနည်းပညာဖြစ်စဉ်များ၊ ဒီဇိုင်းများ၊ နည်းလမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်
  • စိုက်ပျိုးရေး၊ အစာအာဟာရ၊ ကျန်းမာရေး (ဆေးပညာ/ဆေးဝါး)၊ စက်မှု၊ ပတ်ဝန်းကျင် သိပ္ပံနယ်ပယ်တို့တွင် ဇီဝနည်းပညာအသုံးပြု၍ ဖြေရှင်းခြင်းများပေးနိုင်ပါရန်

  • To develop qualified and highly skilled people in various fields of biotechnology
  • To advance biotechnological processes, designs, techniques and equipment
  • To be able to provide solutions in the field of Agriculture, Food, Health (Medicine/ Pharmaceutical), Industry, and Environmental sciences by applying biotechnological tools
နိုင်ငံတော်အတွက် လိုအပ်သောကဏ္ဍအသီးသီးတို့၌ ဇီဝနည်းပညာဆိုင်ရာ ကိစ္စမှန်သမျှကို ဆောင်ရွက်မည့် အဖွဲ့အစည်းဖြစ်ရန်
To be an organization that will implement all aspects of biotechnology in various sectors required for our country
မြန်မာ့စီးပွားရေးနယ်ပယ် (အထူးသဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အစာအာဟာရ၊ ဇီဝ အရင်းအမြစ်များနှင့် ဇီဝစက်ရုံများ)တွင် ဇီဝနည်းပညာများအား အသုံးချခြင်း

To apply biotechnology tools in the area of Myanmar Socio-economics especially in Health, Agriculture, Food, Live Stocks and Fisheries, Environment, Biological Resources and Bio-industries

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ

  • သီးနှံဖျက်မှိုရောဂါပိုးများ၊ မြေအောင်းမှိုများအား ကာကွယ် နှိမ်နင်းနိုင်သောအကျိုးပြု အဏုဇီဝမှို (Trichoderma Logibrachiatum) ပါဝင်သည့် ဇီဝမှိုသတ်ဆေး ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း
  • မှိုမျိုးစိတ်ခွဲခြားခြင်းနှင့် မှိုသတ်နိုင်စွမ်းအား အရည်အသွေးနှင့် ပမာဏပါ တိုင်းတာစစ်ဆေးပေးခြင်း

  • Contribution of Biofungicide containing Trichoderma longibrachiatum
  • Classification of micro-fungi and Measurement of antigungal activities (Qualitative and Quantitative)
  • အပင်တစ်သျှူး မျိုးပွားသုတေသန ဓါတ်ခွဲခန်း တည်ဆောက် ခြင်းအတွက် ဆွေးနွေးဆောင်ရွက်ပေးခြင်း
  • အပင်တစ်သျှူး မျိုးပွားသုတေသန ပညာရပ်များအား အပင် စိုက်ပျိုးသူများနှင့် ဓါတ်ခွဲခန်း လုပ်ကိုင်မည့်သူများကို စာတွေ့/ လက်တွေ့ သင်ကြားပြသပေးခြင်း
  • လိုချင်သည့် အပင်မျိုးစိပ်များကို အပင်တစ်သျှူး မျိုးပွားနည်း ဖြင့် လိုချင်သော အရေအတွက်အား ပွားများပေးခြင်း
  • ကုမ္ပဏီများမှ အပင်တစ်သျှူး မျိုးပွားသုတေသနဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ လိုအပ်သော အချက်အလက်များ နှင့် အသုံးအဆောင်များအတွက် အကြံဉာဏ်များပေးခြင်းနှင့် စီစဉ်ဆောင်ရွက်ပေးခြင်း
  • အပင်တစ်သျှူး မျိုးပွားရာတွင် အပင်အလိုက် အသုံးပြုရမည့် အာဟာရပြင် (Customized Culture Media) များကို တီထွင် ဖန်တီးပေးခြင်း

  • Consultation service for setting up a “Plant Tissue Culture Laboratory
  • Training of tissue culture skills to laboratory personnel and plant growers
  • Custom multiplication of tissue culture plants
  • Custom research and development for interested organization and consultancy for mass propagation and plant tissue culture facilities
  • Contract development of plant tissue culture media
  • နမူနာပစ္စည်းများမှ ရောဂါပိုးများအပေါ် ဆန့်ကျင်မှု/ကာကွယ် နိုင်မှု စမ်းသပ်ခြင်း
  • ဓာတ်တိုးဆန့်ကျင်မှုစမ်းသပ်ခြင်း
  • ဖီနောလစ်ပမာဏတိုင်းတာခြင်း
  • အစားအစာနှင့် အလှပြင်ပစ္စည်းများမှ ရောဂါဖြစ်စေသော အဏု ဇီဝပိုး စမ်းသပ်တိုင်းတာပေးခြင်း

  • Antimicrobial Activity Assay (Agar-well Diffusion Method)
  • Antioxidant Activity Assay (DPPH Radical Scavenging Assay)
  • Total Phenolic Content Determination
  • Microbial Analysis from Food and cosmetics
  • အပင်ရှင်သန်ကြီးထွားမှုကို အထောက်အကူပြုသော အဏုဇီဝ ပိုးအရည်များကို ရောင်းချပေးခြင်း
  • တက္ကသိုလ်များမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့အတွက် ကျမ်းပြုစု နေသော ကျောင်းသား၊ ကျောင်းသူများ၏ samples များ၊ ပြင်ပရှိ တောင်သူလယ်သမားများကိုယ်တိုင် ပြုလုပ်ထားသော ဇီဝမြေဩဇာများနှင့် စိုက်ပျိုးမြေများတွင် ပါဝင်သော စုစုပေါင်း ဘက်တီးရီးယား အရေအတွက် (culturable total bacterial count)၊ နိုက်ထရိုဂျင် ဖမ်းယူနိုင်သော ဘက်တီးရီးယား အရေအတွက် (Nitrogen fixing bacterial count)၊ ဖော့စဖိတ် ဖျော်ပေးနိုင်သော ဘက်တီးရီးယား အရေအတွက် (Phosphate solubilizing bacterial count)၊ ပိုတက်ဆီယမ် ဖျော်ပေး နိုင်သော ဘက်တီးရီးယား အရေအတွက် (K-decomposing bacterial count) တို့နှင့် စုစုပေါင်း ဆေးအရေအတွက် (Total Yeast Count)တို့ကို တိုင်းတာစစ်ဆေးပေးခြင်း

  • Contribution of liquid biofertilizer formulated with beneficial microorganisms
  • Analysis of cultivable total bacterial count, Nitrogen fixing bacterial count, Phosphate solubilizing bacterial count, Potassium decomposing bacterial count, Total Yeast Count from various samples
  • နိုက်ထရိုဂျင်
  • ပျော်ဝင်နိုင်သော ဖော့စဖိတ်၊ ပိုတက်ရှ်
  • ချဉ်ငံဖန်နှုန်း
  • အော်ဂဲနစ်ပစ္စည်း
  • မြေကြီးအမျိုးအစား
  • ကာဗွန်၊ နိုက်ထရိုဂျင်အချိုးအစား

  • Nitrogen (% N)
  • Extractable Potassium (ppm,%)
  • Soluble Potassium (ppm,%)
  • Phosphorous (ppm,%)
  • Organic Matter (OM%)
  • Soil Texture
  • pH
  • Electrical Conductivity (EC)
  • Carbon : Nitrogen Ratio (C:N)
  • Grain Quality
  • Protein content
  • Oil content