နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု နည်းပညာဆိုင်ရာ သုတေသနများ ကြိုးပမ်းဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ ၂၄

ယမန်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(မန္တလေး)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အစိုးရနည်းပညာ ကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများ တွေ့ဆုံပွဲကို Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာ၌ အမျိုးသားရေးလုပ်ငန်းစဥ်များ အောင်မြင်စွာ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လက်တွေ့ကျစွာ အထောက်အကူပြုနိုင်ရေး အားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဌာနများ၊တက္ကသိုလ်/ကျောင်းများရှိ သင်တန်းများနှင့် သုတေသနလုပ်ငန်းများသည် နိုင်ငံ့ရေရှည်အကျိုးဖော်ဆောင်နိုင်ရေး၊ ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးမှု ပံ့ပိုးပေးနိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးချ၍ စက်မှုကုန်ထုတ်လုပ်ငန်းများအား အရည်အသွေး စံနှုန်းများနှင့်အညီ ပြည်ပစျေးကွက်တွင် ထိုးဖောက်နေရာယူနိုင်သည်အထိ ထုတ်လုပ်နိုင်ရေး၊  လုပ်ငန်းခွင်များ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုပြဿနာများကို ကျော်လွှားဖြေရှင်းပေးနိုင်ရေးတို့ကို ဦးတည်ဆောင်ရွက်ရန်၊သုတေသနရလဒ်များနှင့် ဆန်းသစ်နည်းပညာများကို သက်ဆိုင်ရာ ဌာနများနှင့် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးရန်၊ဌာနများအပြင် MSMEလုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် လေ့လာ ဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ တက္ကသိုလ်/ ကောလိပ်/ကျောင်းများမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက လူ့စွမ်းအား အရင်းအမြစ်မွေးထုတ်မှုများ၊ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ နည်းပညာလွှဲပြောင်းပေးခဲ့မှုနှင့် လွှဲပြောင်းရန် ဆက်လက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒေသခံ MSME လုပ်ငန်းရှင်များက သိရှိလိုသည့် အချက်များကို မေးမြန်းကြပြီး နည်းပညာ လိုအပ်ချက်များကို တင်ပြရာ တာဝန်ရှိသူများက ဖြေကြားရှင်းလင်းကြကာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

2
3
4
5
6
6-1
6-2
8
9
9-1
9-2
12
13
14
16
16-0
16-1
17
18
19
20
21
21-3
23
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *