MSME များ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်နည်းပညာရှင်များ မွေးထုတ်ပေး

မန္တလေး၊ အောက်တိုဘာ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များမှ MSME စက်မှုကုန်ထုတ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် ကျွမ်းကျင်နည်းပညာရှင်လူငယ်များ   ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အစိုးရနည်းပညာကောလိပ် (မန္တလေး)၌ ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံပွဲ၌ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်က ကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများ၏ လိုအပ်ချက်တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဒုတိယဝန်ကြီးက MSME များတွင် ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စီမံဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးနှင့် ဘဝရပ်တည်ရေး ခိုင်မာစေရေးအတွက် ပံ့ပိုးပေးနိုင်သည့် သက်မွေးပညာသင်တန်းများ သင်ကြားပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားကို  အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဥ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ ဆက်စပ် ကျောင်း/ဌာန များနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာအရည်အသွေး ပြည့်ဝသည့် နိုင်ငံ့လူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် B.Tech(ပထမနှစ်)Second Semesterစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဒုတိယဝန်ကြီးသည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား  ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားသည်။ ထို့နောက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေ ကြသည့်  G.T.I ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးကာ တကယ့် လုပ်ငန်းခွင်၌ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည်အထိ  လေ့ကျင့်သင်ကြားကြရန် မှာကြားသည်။   ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို  မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
5
6
7
9
10
12
13
14-1
15
16
17
18
19
20
21
22
23
24
25
26
27
28
29
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *