ပြည်သူလူထုတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေး

ကျောက်ဆည်၊ အောက်တိုဘာ ၂၂

နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဥ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ ထိထိရောက်ရောက် အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ၊ သုတေသီများ မွေးထုတ်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊MSMEs စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး နည်းပညာဖြန့်ဝေပေးမှုများ မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ တိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည်ဖြစ်ရာ ယင်းအတွက် တစ်တပ်တစ်အားဖြစ်စေမည့် နည်းပညာ၊ သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် နည်းပညာရှင်များကို မြေတောင်မြှောက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆက်စပ်ဝန်ကြီးဌာနများ/ သုတေသနဌာနများ/ တက္ကသိုလ်များနှင့်အတူ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် သုတေသနစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  ကျောက်ဆည်မြို့၌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ ဌာနများ၌ ကြည့်ရှုစစ်ဆေးစဥ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တိုက်တွန်းပြောကြားသည်။

ဦးစွာ နံနက်ပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Nuclear Technology ဌာနရှိ စာသင်ခန်းနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်၍ ယင်းအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားသည်။  ဆက်လက်၍ ဒုတိယဝန်ကြီးသည် တစိုးရွာရှိ ကောင်းရာဇာ ဆန်စက်၌ စပါးခွံလောင်စာသုံး Gasifier စက်ကို ကြည့်ရှုစစ်ဆေးပြီး SOP များအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)သို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး အလုပ်ရုံများ၌ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီးနောက် ကျောင်းသား၊ကျောင်းသူများ လက်တွေ့သုတေသန ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာ သုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး မျိုးဗီဇဆိုင်ရာ သုတေသနဓာတ်ခွဲခန်း၊အဏုဇီဓာတ်ခွဲခန်းတို့တွင် သုတေသန လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်  လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

01
01-1
1-1
02-1
2
3
4
5
6
6-2
7
8
9
10
10-1
10-1
11
11-1
11-2
11-2-1
11-3
11-4
11-5
11-6
11-7
11-8
11-9
11-10
11-10-0-1
11-10-1
11-10-2
11-10-2
11-11
11-13
11-14
12
13
13-1
15-3
15-4
15-5
16
17
18
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *