မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းစဥ်များ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီး H.E Professor YIN Hejun နှင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Chongqing မြို့ရှိ Wyndam Chongqing Yuelai Hotel တွင် ပြုလုပ်ကျင်းပသော သိပ္ပံ၊  နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဥ်များ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့အကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အထူးလုပ်ငန်းစဉ်များကို ပူးတွဲအကောင်အထည်ဖော်ခြင်း စာချွန်လွှာတွင် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် သတင်းအချက်အလက်နည်းပညာ(ICT) သုတေသနစင်တာများ ထူထောင်ရေး၊ Artificial Intelligent(AI) ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ တိကျတိုင်းတာရေး၊ ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး၊ အရည်အသွေးပြည့်ဝ၍ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော တန်ဖိုးမြင့် အစားအသောက်များ ထုတ်လုပ်ရေး နည်းပညာနှင့် ဓါတုနည်းပညာ တီထွင်ဆန်းသစ်မှုဆိုင်ရာကိစ္စများ ဆောင်ရွက်ရေး၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ သုတေသနများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင်စေလွှတ်ရေးတို့ကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Chongqing မြို့၊ အပြည်ပြည်ဆိုင်ရာ သိပ္ပံပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာ၊ Jinfeng ဓာတ်ခွဲခန်း၊ Western Science City Intelligent Connected Vehicle Innovation Center များသို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Chongqing မြို့တော်ဝန် ဖြစ်သော  Hu Henghua က တည်ခင်း ဧည့်ခံသည့်ညစာစားပွဲသို့ ဒေသတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့်အတူ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

1
3
3-1
4
6
7
8
9
10
11
12
12-1
12-2
13
14
15
16-1
16-2
17
18
19
23
23-1
24
25
26
27
27-1
27-2
28
29
29-1
30
31
32
33
34
previous arrow
next arrow
Shadow

 

Leave a Reply

Your email address will not be published. Required fields are marked *