“တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” ကျင်းပခြင်း

ရန်ကုန်၊ စက်တင်ဘာလ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)မှ ကြီးမှူး၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာဆွေးနွေးပွဲ (China-Myanmar Cooperation Symposium on Metrology) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့တွင် Melia Hotel ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI ဒုတိယဥက္ကဌ၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(တရုတ်)၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(ကွမ်ရှီး)နှင့် တိကျစွာ တိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ) တို့မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ စက်ရုံအလုပ်ရုံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်များမှ မြန်မာနိုင်ငံ၏အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)၏ စံကိုက်ညှိမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆွေးနွေးခြင်း၊ တရုတ်ကျွမ်းကျင် ပညာရှင်များမှ မြန်မာ-တရုတ် ပူးတွဲသုတေသနလုပ်ငန်းများ၊ အလျားတိုင်းတာဆိုင်ရာ တိကျစွာတိုင်းတာခြင်း နည်းပညာ (Dimensional Metrology)၊ အပူချိန်တိုင်းတာခြင်းဆိုင်ရာ တိကျစွာတိုင်းတာခြင်း နည်းပညာ (Temperature Metrology)ကို အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များမှ စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် တိုင်းတာခြင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တိကျစွာ တိုင်းတာခြင်းနည်းပညာဖြင့် စက်မှုလက်မှုလုပ်ငန်းများသို့ ပံ့ပိုးနိုင်မည့်နည်းလမ်းများ ခေါင်းစဉ်ဖြင့် Stakeholder များနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရောက်ရှိ၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမ ဝန်ထမ်းများ နှင့်တွေ့ဆုံရာ ပါမောက္ခချုပ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များရှင်းလင်းတင်မှုနှင့် ဆရာ၊ ဆရာမ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်အား နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီး တစ်ခုဖြစ်ပေါ် လာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသန ဆောင်ရွက်နေမှုများ၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချနေမှုများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်း သာယာလှပ စေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် လမ်းညွှန် မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ Electronics and Telecommunications Research Institute(ERTI) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Robotics Programming Knowledge Sharing Seminar ကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်၊ သုတေသနဆောင်ရွက်နေမှုများ၊ အခြေခံ အဆောက်အဦများနှင့် အသစ်ဆောက်လုပ်လျှက်ရှိသော ကျောင်းသားကျောင်းသူအိပ်ဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

scene00001
scene00201
scene00401
scene00951
scene01401
scene01901
scene01951
scene02151
scene02401
scene03301
scene03302
scene03351
scene03401
scene03501
scene03601
scene03651
scene04051
scene04151
scene04201
scene04451
scene05551
scene05552
scene05553
scene06251
scene06401
scene06601
scene06651
scene06701
scene06751
scene06752
scene07051
scene07101
scene07301
scene07351
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *