ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၀

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက် နိုင်သည့် Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသန အခြေပြုတက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့တွင် Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့  မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ် ကြီးများ ဖြစ်ပေါ်လာရေး နှင့်ပတ်သက်၍  အဖွင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဌာနမှူးများက Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေး၊ Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး ညှိနှိုင်းဆွေးနွေး အကြံပြု ပြောကြားခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ချိတ်ဆက်ပြီး အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး စံသတ်မှတ်ချက်များ (Accreditation Criteria) အရ  ပိုမိုပြည့်စုံစွာ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (EEAC) အနေဖြင့် International Engineering Alliance ၏ Washington Accord တွင်  ပဏမ အသိအမှတ်ပြုအဖွဲ့ဝင် (Provision Signatory) ရရှိပြီး  အမြဲတမ်းအသိအမှတ်ပြုအဖွဲ့ဝင် (Full Signatory) ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ရန်ကုန်နည်းပညာ တက္ကသိုလ် နှင့် မန္တလေးနည်းပညာတက္ကသိုလ် တို့အား အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး စံသတ်မှတ်ချက်များ (Accreditation Criteria) အရ  ပိုမိုပြည့်မီစွာ စိစစ်ခံနိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို Action Plan များရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

scene00201
scene00251
scene00301
scene01151
scene01201
scene01401
scene01651
scene01851
scene02151
scene02701
scene02751
scene03051
scene03251
scene03351
scene03401
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *