အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို ပြည်သူ့လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေး

နေပြည်တော်၊ စက်တင်ဘာ ၁၉

ယနေ့တွင် ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းသို့ လာရောက်စစ်ဆေးစဥ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံ့ရှေ့လုပ်ငန်းစဥ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် ယင်းကို အထောက်အကူပြုနိုင်ရန်အတွက် ပြည်သူများ ပညာရည်မြင့်မားရေးကို မဟာဗျူဟာစီမံကိန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ကောင်းစွာ ဖန်တီးပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်၊သက်မွေးပညာရှင်များကို ပြည်သူ့လိုအပ်ချက် အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များကို စနစ်တကျ မွေးထုတ်ပေးရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် တိုက်တွန်းပြောကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားသင်တန်းဌာနများရှိ Restaurant Operations သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ Training Restaurant အခန်းတွင် လက်တွေ့ စာမေးပွဲစစ်ဆေးနေမှုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး Job Sheet တို့အား ပြင်ပလုပ်ငန်းခွင်နှင့် အမြဲထပ်တူဖြစ်စေရန် မှာကြားပြီးနောက် Housekeeping Operations သင်တန်းရှိ Training Guest Room ၌ လက်တွေ့စာမေးပွဲ ဆောင်ရွက်နေမှု၊ Front Office Training Lab ရှိ Reception Counter ၌ လက်တွေ့စာမေးပွဲစစ်ဆေးနေမှု၊ အင်ဂျင်နီယာ သင်တန်းဌာနရှိ သင်တန်းများတွင် သင်ကြားသင်ယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍  Rest Area တွင်  ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ၌ အဓိကစွမ်းအားစုများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားကြောင်း သိရသည်။

1
1-1
03
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
21-1
22
23
24
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *