ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(လားရှိုး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လားရှိုး) သို့လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  ဝန်ကြီးဌာန၊ ဦးစီဌာနများမှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၂ ရက်နေ့မှ  ၂၃ ရက်နေ့ထိ ရုမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(လားရှိုး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လားရှိုး) သို့သွားရောက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(လားရှိုး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လားရှိုး) သို့ ရောက်ရှိကာ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး  ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြမှုနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်ကြားသင်ယူ ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေး သုတေသနဆောင်ရွက်နေမှုများ၊ စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(လားရှိုး) သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးတင်ပြခြင်းအပေါ်  ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊  လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော သင်ကြား သင်ယူမှုများဖြစ်စေရေးအတွက် ICT နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး Learning Management System များဖြင့် စဉ်ဆက်မပျက် သင်ယူခွင့်ရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် လက်တွေ့ ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ အခြေခံအဆောက်အဦများနှင့် အသစ်ဆောက်လုပ် လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်နှင့် အိပ်ဆောင်များတွင် ကျောင်းသား၊ကျောင်းသူများ နေထိုင်စားသောက်မှုများအပေါ် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အရည်အသွေးပြည့်မှီသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့် မွေးထုတ်နိုင်ရေး ဦးတည်ဆောင်ရွက်သွားရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

1
4
4-1
5
6
6-2
6-3
6-4
6-5
6-6
6-7
7-1
7-2
7-3
7-5
7-5-1
7-6
8
8-1
8-2
11
14
14-1
14-2
14-3
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *