ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရခိုင် ပြည်နယ်၊ စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၆

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်တွင်  မိုခါမုန်တိုင်း ဒါဏ်ကြောင့် ထိခိုက်ပျက်ဆီးမှုများဖြစ်ခဲ့သော စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)သို့ ရောက်ရှိ၍ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချူပ်များနှင့် ကျောင်းအုပ်ကြီးများက မိုခါမုန်တိုင်းဒါဏ်ကြောင့် ထိခိုက်ပျက်စီးမှု များ၊ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေသည်များ၊ ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောင်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများအား ပြန်လည် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့်များနှင့် စပ်လျဉ်း၍ ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ပြီးဖြစ်သဖြင့် သင်ကြားသင်ယူမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သင်ကြားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်နှင့် ကျောင်းများအားလုံး ဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူချင်စရာ သန့်ရှင်းသပ်ရပ် သာယာသော ရပ်ဝန်းဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့်  ဥပဓိရုပ်ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များအား ပြင်ဆင် ဆောင်ရွက်လျှက်ရှိသည်များ၊  စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်ကိုများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။       

1
2
2-1
3
4
5
6
6-
7
8
9
10
11
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *