စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၃၀

အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ရန် မြန်မာစံချိန် စံညွှန်းများထွက်ပေါ်နိုင်ရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော အမျိုးသားအဆင့် အရည်အသွေးအခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍအသီးသီးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးမြှင့် နိုင်ရေးအတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို မေ ၃၀ ရက်‌ နံနက် ၉ နာရီ ၃၀ မိနစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မြန်မာနိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလိုအပ်လျက်ရှိသည့် စံချိန်စံညွှန်းများ စနစ်တကျ ဦးစားပေးချမှတ်နိုင်ရေးနှင့် ယင်းစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီစွာ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ‌ ပြောကြားခဲ့ပါသည်။

ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက နည်းပညာဆပ်ကော်မတီများမှ အဆိုပြုထားသော စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် ကော်မတီအဆင့် ဆွေးနွေးဆောင်ရွက်ပြီး၍ အများပြည်သူ သဘောထား မှတ်ချက်များ ရယူဆောင်ရွက်လျက်ရှိသော မြန်မာစံချိန်စံညွှန်း မူကြမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအသစ် ထပ်မံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ASEAN Harmonized Standards များမှ ISO/IEC Standards များဖြစ်သည့် Committee on Conformity Assessment Standards – CASCO’s Standards များကို စံချိန်စံညွှန်း လုပ်ငန်းကော်မတီ၏ သဘောတူညီမှုရယူ၍ မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်နိုင်ရန် ဆွေးနွေးခြင်း နှင့် စံပြုအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (Model Certification Body) တစ်ခုအဖြစ် အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body – NCB) တည်ထောင်ရေး ဆောင်ရွက်နေမှုများ၊ စံချိန်စံညွှန်းများ ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိရှိ သုံးစွဲမှုမြှင့်တင်နိုင်ရေးအတွက် Awareness Program ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များ နှင့် က ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

1
2
3
4
5
6
7
8
9
10
12
13
13-
14
15
16
17
18
19
20
21
22
23
24
25
26
27
28
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *