သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ရောက်ရှိ

နေပြည်တော် ဇွန် ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် (၁၂)ကြိမ် မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ဇွန်လ ၁၂ ရက်နေ့တွင် ရောက်ရှိ ခဲ့ပါသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘရူနိုင်းနည်းပညာတက္ကသိုလ် (Universiti Technologi Brunei – UTB) သို့ ရောက်ရှိစဉ် ယင်းတက္ကသိုလ်၏ Vice-chair Dr. Hajah Ena က ခရီးဦးကြိုဆိုပြီး တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ သင်ကြားသင်ယူမှုစနစ်များနှင့် သုတေသနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက္ကသိုလ်ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့် သုတေသနခန်းများကို လိုက်လံရှင်းလင်း ပြသခဲ့ပါ သည်။

ယင်းနောက် ဘရူနိုင်းနည်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံမှနည်းပညာတက္ကသိုလ်များ သင်ကြား သင်ယူမှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။

အဆိုပါနေ့ ညနေပိုင်းတွင် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှု ဆိုင်ရာ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီး H.E Pengiran Dato Seri Setia Shamhary Mustapha တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ချစ်ခင်ရင်းနှီးစွာ အချင်းအချင်း ဖလှယ်ပေးအပ်ခဲ့ကြပါ သည်။

ပြည်ထောင်စုဝန်ကြီး၏ခရီးစဉ်တွင် လိုက်ပါလာသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့်အဖွဲ့သည် (၈၃) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး အာဆီယံဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတသနများ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၁၂)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဆက်လက်တင်ပြ အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *