သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်မည့် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် အခြေခံပညာအထက်တန်းကျောင်းနှင့် လှည်းကူးမြို့နယ်၊ ငါးဆူတောင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်း

နေပြည်တော် မေ ၁၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင် ထားရှိမှုများကို မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် အခြေခံပညာ အထက်တန်းကျောင်းနှင့် လှည်းကူးမြို့နယ် ငါးဆူတောင် အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ KG+9 အောင်မြင်ပြီးမြောက်သူများအတွက် ခရိုင်(၅၀)တွင် အခြေခံပညာအထက်တန်းကျောင်းများ (၅၁)ကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကျောင်းပညာရေး၏ အရေးပါပုံများ၊ သင်ကြားပေးမည့်အစီအစဉ်များ၊ ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်အနေဖြင့် ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ သင်ယူတတ်မြောက် ပြီးပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

 ထို့နောက် တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ၏ သိလိုသည့်မေးခွန်းများအား ရှင်းလင်းဖြေကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူ မည့် စာသင်ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကွန်ပျူတာများ တပ်ဆင်ထားရှိသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှည်းကူးမြို့နယ်၊ ငါးဆူတောင် အခြေခံပညာအထက်တန်းကျောင်း သို့ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အစီစဉ်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *