ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်နည်းပညာတက္ကသိုလ် နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အကြီးစားပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီများအနေဖြင့် အရည်အသွေးပြည့်မှီ၍ ရေရှည်တည်တံ့ခိုင်မြဲစေရေး စေတနာထား၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အရည်အသွေး စစ်ဆေးပေးသည့်အဖွဲ့ အနေဖြင့်လည်း သေချာဂရုတစိုက် ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါသဖြင့် အရည်အသွေးပြည့်မှီစွာ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ် ဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်း စိုပြေ သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်တတ်ကြွစွာ အားကစား ပြုလုပ်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည့် ကျောင်း သား ကျောင်းသူဆောင်များ၊ အားကစားကွင်း၊ ကန်တင်း၊ ပင်မဆောင်ရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လူ့အဖွဲ့အစည်း၊ လူသားများနှင့် ပတ်ဝန်းကျင်ကောင်းကျိုးအတွက် ဆန်းသစ် တီထွင်နိုင်သော သုတေသီများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတွင် ထိထိရောက်ရောက် အကျိုးပြုနိုင်သော အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် သုတေသီများ ဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ မိမိတို့ရရှိထားသော အရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိပေးနိုင်ရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သို့ ရောက် ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ  ကျွမ်းကျင်မှု အရည် အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပေးနိုင်ရေးအတွက် သင်ကြားသင်ယူ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်စေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့ကို လမ်းညွှန် မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။         

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
57
58
59
60
62
63
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *