နိုင်ငံ့ထုတ်ကုန်ကဏ္ဍမြှင့်တင်ရေး စံပြုအရည်အသွေးထောက်ခံချက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေး

ရန်ကုန် မေ ၁၅

နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်သူ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ခေတ်မီနည်းပညာများဖြင့် MSME လုပ်ငန်းများမှ တန်းဖိုးမြင့်ထုတ်ကုန် များထုတ်လုပ်ရာတွင် နိုင်ငံတကာဈေးကွက်အတွင်း ဝင်ရောက်ထိုးဖောက်နိုင်ရန်ရေးအတွက် စံပြုအရည်အသွေးထောက်ခံချက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တိုက်တွန်းပြောကြားသည်။     

ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသော အာဆီယံ-ဟောင်ကောင်(တရုတ်)လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အောက်ရှိ စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၂၂) အရ “Training on Conformity Assessment Requirements for bodies certifying products, processes and services (ISO/IEC 17065:2012) for Myanmar” လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရန် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံဒေသတွင်း တစ်ပြေးညီ စံချိန်စံညွှန်းများချမှတ်ခြင်းနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှတစ်ဆင့် ကုန်သွယ်မှုနည်းပညာဆိုင်ရာအတားအဆီးများဖယ်ရှားပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေးကဏ္ဍအလိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ stakeholders များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤစီမံကိန်းတွင် နိုင်ငံတော်အတွက် အရည်အသွေး ထောက်ခံချက်လက်မှတ်ထုတ်ပေးသောအဖွဲ့များ အထောက်အကူ ဖြစ်စေရန် ISO/IEC 17065:2012 သင်တန်းနည်းပြများနှင့် စစ်ဆေးသူအရာရှိများကဲ့သို့သော အဓိက ပုဂ္ဂိုလ်များကို  မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ရာ ဆက်လက်၍ စံပြုအရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ကို တည်ထောင်ဖွဲ့စည်း ရမည်ဖြစ်ပါကြောင်း။

အာဆီယံ စံချိန်စံညွှန်းများနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း လုပ်ငန်းများသည် ASEAN-HONG KONG FREE TRADE AREA (AHKFTA) အရ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို အထောက်အကူပြုစေခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများကို ဖယ်ရှားပေးခြင်းဖြင့် တစ်ခုတည်းသောစျေးကွက် ကို အကောင်အထည်ဖော်စေနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း၊ Project Team Leader နှင့် Expert ဖြစ်သူ Mr. Ong Yeok Siew @ Michael Ong နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊သင်တန်းတက်ရောက်အောင်မြင်သူများ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက် ကြပြီး မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

1
1-
2
3
3-
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *