ဆရာဒါယကာကျောင်းတိုက်များသို့ မတ်လအတွက် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း

နေပြည်တော်၊ မတ် ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါလျက် ၁၉-၃-၂၀၂၃ ရက်နေ့တွင် လစဉ်ကပ်လှူနေကျဖြစ်သည့်အတိုင်း မြတ်စွာ ဘုရားရှင်အား အမှူးထား၍ ဆရာဒါယကာကျောင်းတိုက်များသို့ မြတ်သင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်အောင်မြင်တောရ(မြို့တော်ဝန်) ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဘုရားကြီးထံသို့ သင်္ကန်းပရိက္ခရာရှစ်ပါး၊ နဝကမ္မ အလှူတော်ငွေ၊ ဆေး ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ ဇေယျာရာမ ပရိယတ္တိသီလရှင် ကျောင်းတိုက်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများအား နဝကမ္မ အလှူတော်ငွေ၊ ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆရာဒါယကာကျောင်းတိုက်များဖြစ်သော ပျဉ်းမနားမြို့ ဝိပဿနာကျောင်းတိုက်ရှိ  ကျောင်းထိုင်ဆရာတော်ဘုရားကြီးအားလည်းကောင်း၊ ရှမ်းပွဲ ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအားလည်းကောင်း၊  လောကရန်နှိမ် ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအားလည်းကောင်း၊ ပုပ္ပါးမစိုးရိမ်ကျောင်းတိုက် ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအားလည်းကောင်း၊ အေလာသရက်တောကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအားလည်းကောင်း နဝကမ္မအလှူတော်ငွေ၊ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

ဆရာဒကာ မတ်_၁
ဆရာဒကာ မတ်_၂
ဆရာဒကာ မတ်_၃
ဆရာဒကာ မတ်_၄
ဆရာဒကာ မတ်_၅
ဆရာဒကာ မတ်_၆
ဆရာဒကာ မတ်_၇
ဆရာဒကာ မတ်_၈
ဆရာဒကာ မတ်_၉
ဆရာဒကာ မတ်_၁၀
ဆရာဒကာ မတ်_၁၁
ဆရာဒကာ မတ်_၁၂
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *