နှစ် ၅၀ မြောက် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ်၊ အာဆီယံ-ဂျပန် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၂၀

အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့် အထိမ်း အမှတ်အဖြစ် အာဆီယံနှင့်ဂျပန်နိုင်ငံတို့အကြား သိပ္ပံ၊နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ပြသခြင်းဖြင့် အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်၍ နှစ် ၅၀ မြောက် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေး အထိမ်းအမှတ်၊ အာဆီယံ-ဂျပန် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီမှ ၁၅ နာရီအထိ virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး ပါဝင် တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ အမှာစကားအသီးသီးပြောကြားကြပြီး အာဆီယံ-ဂျပန် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအခန်းကဏ္ဍများ၊ သိပ္ပံ၊နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများ၊ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် အခွင့်အလမ်းများ၊ နှစ်အလိုက်ဦးစားပေးအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံ၊ Ministry of Higher Education, Science, Research and Innovation မှ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ Ministry of Transport and Infocommunications မှ အမြဲတမ်းအတွင်းဝန်၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၊ ဂျပန်နိုင်ငံ၊ Education, Culture, Sports, Science and Technology မှ State Minister H.E. Mr. Yosei Ide၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံ၊နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

1
2
3
111
112
113
114
115
116
117
118
119
121
122
123
124
125
126
222 copy
333
444
555
666
777
888
999
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *