သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်(ရမည်းသင်း)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) သို့ သွားရောက်ကြည်ရှု့စစ်ဆေးခြင်း

နေပြည်တော် မတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မတ် ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရမည်းသင်း)သို့ ရောက်ရှိပြီး စာမေးပွဲခန်းများတွင် ဘွဲ့ကြို သင်တန်းများမှ ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ စာမေးပွဲဖြေဆိုမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။  

ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအား စာမေးပွဲစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက်  လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ရမည်းသင်း)ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံရာတွင် ဒုတိယ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာ နည်းပညာရှင် များ ပြုစုမွေးထုတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာရပ်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရေးအတွက် ဆောင်ရွက်ကြရန်၊  ကျောင်းသား ဗဟိုပြုနည်းလမ်းများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုအားကောင်းသော ပညာရပ်ဆိုင်ရာ ပတ်၀န်းကျင်တစ်ခုတွင် လူ့အသိုင်းအဝိုင်း၊ လူသားနှင့် သဘာ၀ပတ်၀န်းကျင်တို့၏အကျိုးကို ထိရောက်စွာ ပါ၀င်ဆောင်ရွက် နိုင်မည့် အင်ဂျင်နီယာများ၊ သုတေသီများ ပြုစုပျိုးထောင်မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာနနှင့် ဌာနအသီးသီးတို့၏ Lab ခန်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  ပြည်ထောင်စု ဝန်ကြီးက ကျောင်းသား ကျောင်းသူများ lab ခန်းတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုသင်ကြား သင်ယူ ဆောင်ရွက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)၏ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်များသို့ သွားရောက်ခဲ့ပြီး စာချုပ်ပါစည်းမျဉ်စည်းကမ်းများအတိုင်း အရည်အသွေးပြည့်မီစွာ အချိန်မီအပြီးသတ်အောင် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားကြောင်း သတင်းရရှိပါသည်။

IMG_3092
IMG_3093
IMG_3096
IMG_3101
IMG_3110
IMG_3113
IMG_3114
IMG_3179
IMG_3182
IMG_3184
IMG_3190
IMG_3202
IMG_3214
IMG_3215
IMG_3220
IMG_3224
IMG_3235
IMG_3247
IMG_3256 - Copy
IMG_3256
IMG_3263
IMG_3279
IMG_3286
IMG_3298
IMG_3300
IMG_3321
IMG_3322
IMG_3323
IMG_3328
IMG_3331
IMG_3349
IMG_3356
IMG_3359
IMG_3360
IMG_3363
IMG_3366
IMG_3381
IMG_3385
IMG_3391
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *