SITE ၌ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း(SITE)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး‌ ဒေါက်တာနေဇာအောင်မှ ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ကာလတို သင်တန်းများဖွင့်လှစ်ပေးမှု၊ TVET ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးမှု၊ EV ဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးမှု၊ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာစွန့်ဦးတီထွင်နည်းပညာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ထားခဲ့ပြီး ဆုရရှိခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Infrastructure ပြည့်စုံပြီး နိုင်ငံတကာ ပြိုင်ပွဲဝင် အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများ ရှိသည့်အတွက် အခြားသော တက္ကသိုလ်၊ ကော်လိပ်၊ သိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ညီညွတ်စွာ Integrated pooject များ ပူး‌ပေါင်းဆောင်ရွက်သင့်ကြောင်း၊ စက်ရုံအလုပ်ရုံများမှ ကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ Knowledge Talk များပြုလုပ်၍ ပြည်သူများ ပိုမိုသိရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ပံ့ပိုးပေးနိုင်မည့် သင်တန်းများဖွင့်လှစ်ရန်၊ ပြည်သူ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသက်သွေးကြော ဖြစ်သည့် MSME လုပ်ငန်းများ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရန် ကြိုးပမ်း စွမ်းဆောင်ရမည်ဖြစ်ကြောင်း၊ SITE တွင် NSSA Assessor တချို့ရှိသဖြင့် ၎င်းတို့ မှတဆင့် ကျွမ်းကျင်သည့် Assessor များပိုမိုရရှိအောင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ရုံလုပ်ငန်းဆိုင်ရာ နည်းပညာသင်တန်း၊ အလိုအလျောက် စက်များထိန်းချုပ်ရေးစနစ်များဆိုင်ရာ နည်းပညာသင်တန်း၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ နည်းပညာသင်တန်း၊ သစ်ဖြင့်ပြုလုပ်သော ပရိဘောဂများထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာ သင်တန်း၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲခြင်းဆိုင်ရာနည်းပညာသင်တန်းနှင့်  CNC စက်များဖြင့် ထုတ်လုပ် ခြင်းဆိုင်ရာနည်းပညာသင်တန်းများရှိ လက်တွေ့သုံးစက်များနှင့် လက်တွေ့ခန်းများတွင် ဆရာ များနှင့် ကျောင်းသားများ လက်တွေ့လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

SITE_1
SITE_2
SITE_3
SITE_4
SITE_5
SITE_6
SITE_7
SITE_8
SITE_9
SITE_10
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *