GTI  (အင်းစိန်)၌ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ကျောင်းဆိုင်ရာအချက်အလက်များနှင့် လျှပ်စစ်သုံးယာဉ်(Electric Vehicle-EV) ဆိုင်ရာ Training of Trainer(ToT) သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများအား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့ပထမဆုံး စက်မှုလက်မှုသိပ္ပံဖြစ်သည်နှင့်အညီ အစဉ်အလာ ကောင်းများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်၊ ဖွင့်လှစ်လာမှုသက်တမ်း  ၁၂၈ နှစ် ရှည် ကြာပြီဖြစ်၍ ဥပဓိရုပ်ကောင်း မွန်စွာ ရေရှည်တည်တံ့စေရေး အလေးထားဆောင်ရွက်ရန်၊ EV ကဏ္ဍနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင် များမွေးထုတ်ပေးရန်၊ ဆရာများ၏ စွမ်းရည်မြှင့် တင်ရေး အစဉ်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး EV ဆိုင်ရာ ToT သင်တန်းအမှတ်စဉ် ၂ သင်တန်း ဖွင့်လှစ်ပို့ချနေမှုများအား ကြည့်ရှုအားပေးကာ Rooftop ဆိုလာစနစ်မှ EV ယာဉ်အားသွင်းသည့် စနစ်တပ်ဆင်အသုံးပြုရန်၊ Battery Management စနစ်နှင့် Recycle Proess များ၊ Safety Sandards များထည့်သွင်းသင်ကြားပို့ချရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆရာများ၊ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အခက်အခဲ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာ ဌာနများအသီးသီးရှိ လက်တွေ့ ခန်းများ၊ အလုပ်ရုံ၊ အဆောင်များနှင့် ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

GTI I_1
GTI I_2
GTI I_3
GTI I_4
GTI I_5
GTI I_6
GTI I_7
GTI I_8
GTI I_9
GTI I_10
GTI I_11
GTI I_12
GTI I_13
GTI I_14
GTI I_15
GTI_16
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *