ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ်(ဟင်္သာတ) ကြည့်ရှုစစ်ဆေး

ဧရာဝတီ မတ် ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ်လ ၁၂ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ဟင်္သာတ)၌ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ တွေ့ဆုံပွဲ၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးထွန်းက ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော အင်ဂျင်နီယာများအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ ခေတ်မီသင်ကြားသင်ယူစနစ်များဖြင့် လည်ပတ်ဆောင်ရွက်ရန်၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန် ရေး အလေးထားဆောင်ရွက်ရန်  တိုက်တွန်းမှာကြား၍ ဆရာများနှင့် ကျောင်းသားများ၏ အခက်အခဲ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကာ  ကျောင်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို စစ်ဆေးခဲ့ပြီး ခေတ်မီစာကြည့်တိုက်ဖြစ်စေရေးနှင့် ဆရာများ၊ ကျောင်းသားများ စာကြည့်တိုက်ကို ပိုမိုအသုံးပြုကြစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် အီလက်ထရောနစ်အင်ဂျင်နီယာ ဌာနတွင် ကျောင်းသားများက ပုံစံငယ်များ စမ်းသပ်တည်ဆောက်၍ သုတေသနပြုဆောင်ရွက် လျက်ရှိသော စက်မှုလုပ်ငန်းသုံး ထိန်းချုပ်စနစ်များ၊ ကွန်ပျူတာပရိုဂရမ်ထိန်းချုပ်ကိရိယာ(PLC)သုံး စက္ကူဖြတ်စက်နှင့် ထုပ်ပိုးစနစ်၊ အလိုအလျောက် ကော်ဖီဖျော်စက်၊ အာဒွီနိုသုံး Greenhouse စောင့်ကြည့်ထိန်းချုပ်စနစ်နှင့် ရေအရည်အသွေး စမ်းသပ်စနစ်များကို လည်းကောင်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနရှိ စက်ထိန်းချုပ်ရေး လက်တွေ့ခန်းများကို လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာဌာနရှိ Fluid Lab နှင့် Water Resource Lab များကိုလည်းကောင်း၊ စက်မှုအင်ဂျင်နီယာဌာနရှိ Strength Lab ကိုလည်းကောင်း လှည့်လည်စစ်ဆေးခဲ့ပြီး လိုအပ်သော လက်တွေ့ကိရိယာများအား ဖြည့်ဆည်း ထားရှိရန်၊ အရည်အချင်းရှိသော ကျောင်းသားများကို စနစ်တကျ မြေတောင်မြှောက်ပေးရန်၊ ဆန်းသစ်တီထွင်မှုများ မြင့်မားလာစေရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEလုပ်ငန်းများတွင် သုတေသန ရလဒ်များအား အကျိုးရှိစွာ အသုံးချနိုင်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *