ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ် (ပုသိမ်)ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို  ကြည့်ရှုအားပေး

ဧရာဝတီ မတ် ၁၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ်လ ၁၁  ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊  မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနနှင့် သုတနည်းပညာဌာနများမှ  ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ စာမေးပွဲစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရန်၊ စာမေးပွဲခန်းများ အတွင်းလေဝင်လေထွက်ကောင်းမွန်စေရန်နှင့် ကျောင်းသားများ အဆင်ပြေချောမွေ့စွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက်  ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

ယင်းနောက် တွေ့ဆုံပွဲ၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သူရက ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် တောက်ပသော အနာဂတ်ကောင်းများကို ပုံဖော်ဖန်တီးပေးနိုင်မည့် အင်ဂျင်နီယာပညာရှင်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ ပြည်သူ့အကျိုးပြု အင်ဂျင်နီယာတက္ကသိုလ် ရပ်ဝန်းတစ်ခုဖြစ်ရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားကာ ဆရာများ၏ အခက်အခဲ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ကျောင်းသားများက ပုံစံငယ်များ စမ်းသပ်တည်ဆောက်၍ သုတေသနပြုဆောင်ရွက်လျက်ရှိသော လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဌာနရှိ ကွန်ပျူတာပရိုဂရမ်ထိန်းချုပ်ကိရိယာ(PLC)သုံး လျှပ်စစ်ရထားနှစ်စီး လမ်းလွှဲစနစ်နှင့် အီလက်ထရော နစ်အင်ဂျင်နီယာဌာနရှိ အာဒွီနိုသုံး လေသန့်စင်စနစ်၊ PLC သုံး ရှစ်ထပ်ကားပါကင်စနစ်နှင့် ရေဒါစနစ်များကိုလည်းကောင်း၊ မြို့ပြအင်ဂျင်နီယာ ဌာနရှိ မြေဓာတ်ခွဲခန်း၊ အရည် ဓာတ်ခွဲခန်းနှင့် ရေအရင်းအမြစ် ဓာတ်ခွဲခန်းများသို့လည်းကောင်း၊ စက်မှုအင်ဂျင်နီယာဌာနရှိ ကြံ့ခိုင်မှု စမ်းသပ်ခန်းနှင့် အလုပ်ရုံများသို့လည်းကောင်း စစ်ဆေးခဲ့ပြီး Talent ရှိ၍ သုတေသနခုံမင်သော ကျောင်းသား များကို စနစ်တကျ မြေတောင်မြှောက်ပေး၍ တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက် လာစေရေးနှင့် နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ယှဉ်ပြိုင်စေကာ နိုင်ငံ့ဂုဏ်ဆောင်ဆုများ ဆွတ်ခူးနိုင်ရေး ပံ့ပိုးပေးရန်၊ သုတေသနသုံး   ပစ္စည်းများ လုံလောက်စွာ ဖြည့်ဆည်းထားရှိရန်၊ အခြားတက္ကသိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ကာ သုတေသနများကို ထိရောက်ပီပြင်စွာ ပူးပေါင်းဆောင်ရွက်ရန်  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
7
7-1
8
9
11
12
13 (1)
14
15
16
17
18
18-
19
20
21
22-
23
24
25
26
27
28
29
30
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *