နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် အရည်အချင်းပြည့်ဝသောနည်းပညာရှင်များမွေးထုတ်ပေး

ဧရာဝတီ မတ် ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ်လ ၁၂ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်များ၌ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)သို့ရောက်ရှိရာကျောင်းအုပ်ကြီးဦးအေးမင်းထွန်းကရှင်းလင်းတင်ပြသည့်အပေါ် ဒုတိယဝန်ကြီးက သင်တန်းသားများအား သတ်မှတ်အရည်အသွေးစံနှုန်းများနှင့် အညီလေ့ကျင့်သင်ကြားပေးနိုင်ရေးမှသည်လက်တွေ့ကျွမ်းကျင်မှု Hand on ဖြစ်အောင်နှင့် အမှန် တကယ် တတ်မြောက်မှုစစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ရန်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသဖြင့် ယင်းကို အထောက်အကူ ပြုမည့် ကာလတိုသင်တန်းများဖွင့်လှစ်ပေးရန်၊ နည်းပညာများလွှဲပြောင်းပေးရန်နှင့် ကျွမ်းကျင် ပညာရှင်များမွေးထုတ်ပေးရန် လိုအပ်ပါကြောင်းမှာကြားခဲ့ကာဝန်ထမ်းများ၏ တင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများက စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး အလုပ်ရုံများကို စစ်ဆေးကာ တည်ဆောက်ဆဲလုပ်ငန်းများအား လှည့်လည်စစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်မှ ဖြည့်စွက်တင်ပြမှုများအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိရာ တွေ့ဆုံပွဲတွင် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ကာရေရှည်တည်တံ့စေရေးပုံမှန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ကျောင်းသားများက အဆင်ပြေချောမွေ့စွာ လေ့လာဆည်းပူးနိုင်ရေး ဖြည့်ဆည်းပေးရန်၊ ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့ဖွံ့ဖြိုးရေး ပံ့ပိုးပေး နိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်းအတိုင်းအရည်ချင်းပြည့်ဝသော ICT လူ့စွမ်းအားအရင်း အမြစ်များအားစဉ်ဆက်မပြတ် မွေးထုတ်သွားရန်တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများက စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေးကာကျောင်းသားများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက်  လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီးနောက် စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ Lab ခန်းများ၊ တည်ဆောက်ဆဲလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးဦးအောင်ဇော်ဦးက ဖြည့်စွက်ရှင်းလင်းသည့်အပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *