ပြည်သူ့အကျိုးပြု နည်းပညာရှင်များမွေးထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၁ ရက်တွင် ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နံနက်ပိုင်း၌ ဒုတိယဝန်ကြီးသည် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)သို့ ရောက်ရှိရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဖြည့်စွက်ရှင်းလင်းသည့်အပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်မှ ချမှတ်ပြီးဖြစ်သည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးနိုင်မည့်  အရည်ချင်းပြည့်ဝသော ICT လူ့စွမ်းအားအရင်းအမြစ်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ညှိနှိုင်းဖြည့်ဆည်းပေး၍ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာမေးပွဲခန်း ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုကာ  ကျောင်းသားများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး  Hardware Lab ခန်းတွင် Internship ကျောင်းသားများက Embedded System ပုံစံငယ်များကို စမ်းသပ်တည်ဆောက်၍ သုတေသနပြုလုပ်လျက်ရှိသော  အသေးစားမိုးလေဝသစောင့်ကြည့်ထိန်းချုပ်စနစ်၊ Greenhouse စောင့်ကြည့်ထိန်းချုပ်စနစ်၊ GSM အခြေပြု မီးဘေးအန္တရာယ်အချက်ပေးစနစ်၊ RFID အခြေပြု ဝင်ထွက်မှတ်တမ်းတင်စနစ်၊ Steganography  အခြေပြုအချက်အလက်လုံခြုံရေးစနစ်၊ မြစ်ရေ စိုးရိမ်ရေအမှတ်စောင့်ကြည့်အချက်ပေးစနစ်၊ စက်ရုပ်ကားနှင့် ကွန်ပျူတာခန်းများတွင် Software Application ရေးဆွဲထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သုတေသနအဖွဲ့များ စနစ်တကျ ဖွဲ့စည်း၍ အခြားတက္ကသိုလ်များဖြင့်ပါ ကွန်ရက်ချိတ်ဆက်၍ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု သုတေသန များအား  ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ဟင်္သာတ) သို့ ရောက်ရှိရာ ၁၅-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ သည့် World Youth Skill Day တွင် ဒုတိယဆုရခဲ့သည့် School Video Clip ကို ကြည့်ရှုခဲ့ပြီး ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးက  ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်က ဖြည့်စွက်ရှင်းလင်းသည့်အပေါ်  ဒုတိယဝန်ကြီးက သင်တန်းသားများအား သတ်မှတ်စံနှုန်းများနှင့် အညီ လေ့ကျင့်သင်ကြားပေးနိုင်ရေးမှသည် လက်တွေ့ကျွမ်းကျင်မှုနှင့် အမှန်တကယ်တတ်မြောက်မှု စစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ရန်၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသဖြင့် ယင်းကို ပံ့ပိုးမည့်  ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် မှာကြားခဲ့ကာ ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါ သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စာမေးပွဲခန်း ပြင်ဆင်ထားရှိများအား ကြည့်ရှု၍ ကျောင်းသားများ ဖြေဆိုမှုအဆင်ပြေစေရေး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ကာ စာကြည့်တိုက်နှင့် ဌာနများရှိ လက်တွေ့ခန်းများနှင့် အလုပ်ရုံများအား စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
7
8-
9
10
11
12
13
14
15
16
17
17--
17---
18
19
20
21
21-
22
23
24
25
26
27
28
29
30
31
32
33
34
35
36
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *