ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နေပြည်တော်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဝန်ကြီးဌာန၊ ဦးစီဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်နည်းပညာတက္ကသိုလ် တွင် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား သွားရောက် ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ တက်ရောက်မှု အခြေအနေများ၊ စာသင်ခန်းများတွင် သင်ကြားသင်ယူမှု စတင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ သင်ကြားသင်ယူမှုပြုနေသော သင်ခန်းစာများ၊ ခေတ်မီသင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ Language Lab နှင့် ကွန်ပျူတာခန်းတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များအား မေးမြန်းအားပေးခဲ့ပါသည်။

နေပြည်တော်နည်းပညာတက္ကသိုလ်ကို  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိပြီး မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်နှင့် နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာ ပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

1
2
3
6
7
10
11
12
13
15
16
17
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *