ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်များ၌ စစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အမျိုးသားရေးလုပ်ငန်းစဥ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများကို အရည်အသွေးပြည့်မီစွာ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ်များတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ယခုလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ရာ တွေ့ဆုံပွဲ၌ ဒုတိယပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးခဲ့ကာ ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် Electronics အင်ဂျင်နီယာဌာနမှ ဖွင့်လှစ် သင်ကြားသော  နည်းပညာတက္ကသိုလ်များမှ ဆရာ၊ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကာ ဆက်လက်၍ in-house training တက်ရောက်နေသာ ဘွဲ့ကြို သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်က အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် Nuclear အင်ဂျင်နီယာဌာနတွင် ပါရဂူဘွဲ့သင်တန်းသူတစ်ဦးက Effect of Recycled Plastics in Concrete and Application of Gamma Shielding သုတေသနကို ဆောင်ရွက်နေမှုအခြေအနေ၊ စာကြည့်တိုက်နှင့် ကျောင်းဝန်းအတွင်း လှည်လည်စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံတော်ရေရှည်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးနိုင်မည့် သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ရပ်ဝန်းဖြစ်စေရေးနှင့် နိုင်ငံ့အကျိုးပြု မျိုးဆက်သစ် လေကြောင်းနှင့် အာကာသ အင်ဂျင်နီယာကောင်းများကို စံနှုန်းများနှင့်အညီ မွေးထုတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည်စာကြည့်တိုက်နှင့် လက်တွေ့ခန်းများ၌ စစ်ဆေးခဲ့ပြီး လေကြောင်းနှင့် အာကာသပညာပြခန်း၌ ရုရှဖက်ဒရေးရှင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လူထုအခြေပြုပရဟိတရန်ပုံငွေ “ယဉ်ကျေး ဖလှယ် စုပေါင်းညီညာ၊ ဤကမ္ဘာ” အစီအစဉ်ဖြင့် လှူဒါန်းထားသည့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင် အထိမ်းအမှတ်ရုပ်တုနှင့် Vostoak 1 အာကာသယာဉ်၊ သမိုင်းကြောင်းများ၊ စူးစမ်းလေ့လာမှုများနှင့် အခြားပြသထားမှုများကို ကြည့်ရှုခဲ့ပြီး ပြေးလမ်း (၈) ခုပါ ဘော်လုံးကွင်းတည်ဆောက်ပြီးစီးမှုနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဌာနများရှိ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး စက်မှုဇုန်နှင့် MSEMEs လုပ်ငန်းများရှိ ကုန်ထုတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
4
5
6
6-1
7
8
9
10
12
13
14
15
16
16-1
17
18
19
20
22
23
24
25
26
27
28
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *