ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တို့ရှိ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)စီမံကိန်းနေရာနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)နှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနများ သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှု လက်မှုသိပ္ပံ(တောင်ကြီး) စီမံကိန်းနေရာသို့ရောက်ရှိပြီး တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု့ စစ်ဆေးကာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအပေါ် အရည်အသွေးပြည့်မီစွာနှင့် အချိန်မှီပြီးစီးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) သို့ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့် တွေ့ဆုံကာ ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြ ခြင်းနှင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေ လိုပါကြောင်း၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ ဖြစ်စေရေးအတွက် ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး Learning Management System များဖြင့် စဉ်ဆက်မပျက် သင်ယူခွင့်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်သည် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်သွားရမည့် အရေးပါဆုံး အရင်းအမြစ်ဖြစ်သည့်အလျောက် အမျိုးသားရေးတာဝန် အဖြစ် သတ်မှတ်ခံယူကာ မြှင့်တင်သွားကြရမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့ရှိ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) သို့ရောက်ရှိပြီး ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၏ ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၏ စာတွေ့လက်တွေ့ပိုချ သင်ကြားရေးတွင် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝနည်းပညာသုတေသနဦးစီးဌာန သို့ရောက်ကာ သုတေသီများနှင့် တွေ့ဆုံပြီး သုတေသီများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ ခန်းများ၊ ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများ၊ အလုပ်ရုံများ၊ သုတေသနလုပ်ဆောင်နေမှုများ၊ အားကစားကွင်းနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တက္ကသိုလ်၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးတို့ကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

scene00001
scene00051
scene00201
scene00351
scene00401
scene00601
scene00851
scene00901
scene00951
scene01001
scene01201
scene01301
scene01351
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *