ပြည်သူ့အကျိုးအတွက် IT သုတေသနများ ကြိုးပမ်းဆောင်ရွက်

မန္တလေး၊ နိုဝင်ဘာ ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကောင်းစွာ အထောက်အကူပြုနိုင်မည့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးပြည့်မီစွာ မွေးထုတ်ပေးလျက်ရှိပြီး တိုင်းကျိုးပြည်ပြု နည်းပညာဆိုင်ရာ သုတေသနနှင့် စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့၊နံနက်ပိုင်းက ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) ၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးက တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ Semester စနစ် ၊ Credit စနစ် ၊ Relative Grading စနစ်၊ Project-based learning စနစ်၊ အိန္ဒိယနိုင်ငံရှိ နိုင်ငံတကာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် International Institute of Information Technology, Bangalore (IIIT-B) နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သုတေသနလုပ်ငန်းများကို ပြည်သူများ၏ လူမှုဘဝ မြှင့်တင်မှုမှသည် ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်၊စွန့်ဦးတီထွင်လုပ်ငန်းများ MSMEsများ  ဖွံ့ဖြိုးတိုးတက် ရေးမှသည် နိုင်ငံ့စီးပွား မြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ရန်တို့အထိ အဓိကရည်ရွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး  နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ IT နည်းပညာများ နောက်ကျ မကျန်ခဲ့ရအောင်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ ဆက်စပ် တက္ကသိုလ်/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများနှင့် သိပ္ပံလက်တွေ့ခန်းများတွင် ကျောင်းဖွင့်ချိန် မတိုင်မီ ပြင်ဆင်ထားမှုများ၊ Robotics Lab ၊ Communication Lab ၊ Embedded System Lab ၊ Control System Lab ၊ Computer Networking Lab ၊ Electronics Lab နှင့် အခြား Lab တို့တွင် လက်တွေ့ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနများဖြစ်သည့် Online Book Store System ၊ Online Flight Ticket Reservation System ၊ Smart HR System ၊ Electronic Product Recommendation System နှင့် အခြားသုတေသနများကို ကြည့်ရှုစစ်ဆေးပြီး AI ဆိုင်ရာ သုတေသနများ၊ ပြန်ပြည့်မြဲ စွမ်းအင်အခြေပြု Smart Grid နှင့် EV များတွင် အသုံးပြုသည့် IT သုတေသနများ၊ Cyber Security ဆိုင်ရာ သုတေသန များကို ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

1
4
8
9
11
12-1
13
14
15
16
18
19
20
21
21-1
21-2
22
23
24
25
25-1
26
27-1
27-2
29
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *