ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး) သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး) သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး တို့က ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မှု အခြေအနေများ၊ လက်တွေ့ခန်းများပြင်ဆင်ထားရှိမှု၊ စီမံခန့်ခွဲမှုဆိုင်ရာတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီက သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြား သင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးအကြီးဆုံး ကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဆရာ၊ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရန်နှင့် ကျင့်ဝတ်များကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားကွင်းနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ကရင်မရေတွက် လမ်းဆုံ မိုင်တိုင်အမှတ် ၁၁၂/၄ မှ တောင်ကြီးဆေးတက္ကသိုလ်အနီး AC လမ်းအဆုံး ၁၁၈/၃ အထိလမ်းပိုင်းအား နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အဖွဲ့အလိုက် လမ်းတိုင်းတာရေး ဆောင်ရွက်နေသော နေရာသို့ သွားရောက်၍ တိုင်းတာဆောင်ရွက်နေမှုများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။

အဆိုပါ လမ်းဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် နည်းပညာတက္ကသိုလ်ရှိ မြို့ပြအင်ဂျင်နီယာဌာနမှ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် သင်ရိုးတွင်ပါဝင်သော ဘာသာရပ်များနှင့် လက်တွေ့မြေပြင်လုပ်ငန်းခွင် စာတွေ့၊ လက်တွေ့ချိတ်ဆက်လေ့လာနိုင်သော အခွင့်အလမ်းကောင်များရရှိခြင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော အခက်အခဲများ ပြေလည်အောင်ဖြေရှင်းနိုင်သော စွမ်းရည်များ တိုးတတ်လာခြင်း၊ မြို့ပြစီမံကိန်းများရေးဆွဲရာတွင် မြို့ပြဖွံ့ဖြိုးတိုးတတ်မှုနှင့် သဘာဝပတ်ဝန်ကျင်ထိခိုက်မှု (Environmental and Social Impact) လျော့ချနိုင်ရေးအတွက် ထည်းသွင်းစဉ်းစားရမည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

1
2
2-1
3
7
10
11
12
13
16
17
19
23
24
25
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *