ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြင်ဦးလွင်မြို့ရှိ မော်တော်ယာဥ်နည်းပညာသုတေသနဌာန၌ ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင်၊ နိုဝင်ဘာ ၁၆

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (Electric Vehicle ၊ EV)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်သည့် သုတေသနဖွံ့ဖြိုးရေး၊နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော EV နည်းပညာရှင်များကို စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့ညနေပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊မော်တော်ယာဥ်နည်းပညာသုတေသနဌာန၌ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ EV နည်းပညာပြန့်ပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စုဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိုင်ငံတော်တွင် သဘာဝပတ်ဝန်းကျင်ကောင်းနှင့်  ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ကို ဖော်‌ဆောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ရုပ်ကြွင်းလောင်စာ စက်သုံးဆီများ လျှော့ချနိုင်ရေး၊ ခေတ်မီ EV များကို ပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်ရေးနှင့် နိုင်ငံ့မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေး ကောင်းမွန်စေသည့် ဆုလဒ်များကိုပါ တစ်ပါတည်းရရှိစေရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့အတွက် နေ့စဥ်မပြတ် လုပ်ငန်းများ အမှန်တကယ်တိုးတက်မှုရှိစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပြီး ဆရာများ၏ စွမ်းရည်များမြင့်မားရေး ပုံမှန်ဆန်းစစ်မွမ်းမံသွားရန် လိုအပ်ကြောင်း၊ ယင်းအပြင် EV သုံးစွဲသူ ပြည်သူများက ဘေးအန္တရာယ်ကင်းရှင်းစွာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ  အသုံးပြုနိုင်ရေးအတွက် လက်တွေ့ကျသော အသိပညာပြန့်ပွားရေး လုပ်ငန်းများကိုပါ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါဌာနရှိ   Additive Manufacturing and Reverse Engineering Department (အဆင့်မြှင့်ပုံစံပြုပြင်ခြင်းဆိုင်ရာ အင်ဂျင်နီယာဌာနခွဲ)၊ Control Engineering Department (ထိန်းချုပ်မှု အင်ဂျင်နီယာနည်းပညာဌာနခွဲ)၊ Automobile Power Generation System Department (မော်တော်ယာဉ်အင်ဂျင်ပိုင်း ဆိုင်ရာနည်းပညာဌာနခွဲ)၊ Automobile Transmission System Department(မော်တော်ယာဉ်‌ရွေ့လျားမှုဆိုင်ရာ နည်းပညာဌာနခွဲ)နှင့် Production Engineering Department (ထုတ်လုပ်မှုအင်ဂျင်နီယာနည်းပညာဌာနခွဲ)တို့ရှိ သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

2
4
8
10
14
17
20
22
23
24
25
27
29
30
33
33-1
35
36
39
previous arrow
next arrow
Shadow

 

 

Leave a Reply

Your email address will not be published. Required fields are marked *