ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ  ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဝန်ကြီး ဌာန၊ ဦးစီဌာနများမှ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ (နေပြည်တော်)တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်နည်းပညာတက္ကသိုလ် သို့ရောက်ရှိပြီး ကျောင်းတာဝန်ခံ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် က နေပြည်တော် နည်းပညာတက္ကသိုလ် တွင် သင်ကြားသင်ယူ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းဆိုင်ရာအချက်အလက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် တာဝန်ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှု ဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (Learning Management System – LMS) ကို အသုံးပြု သင်ကြားမှုများ၊ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ Language Lab ၊ ကွန်ပျူတာခန်းများတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက် ရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)သို့ သွားရောက်ကာ ဖွင့်လှစ်လျက်ရှိသည့် ဂဟေဆက် ကာလတိုသင်တန်း(Arc Welding Training) ကိုလှည့်လည်ကြည့်ရှုပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် သင်ကြား မည့် စက်မှုလယ်ယာနည်းပညာ ဒီပလိုမာသင်တန်း(Diploma in Farm Machinery Technology) အတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် သင်ထောက်ကူ စက်ပစ္စည်းကိရိယာများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်မှ လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၃၂)ဦးနှင့်  အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၃၀)ဦးခန့်နှင့် တွေ့ဆုံအမှာစကား ပြောကြား၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

1
2
3
5
7
9
10
11
12
13
14
15
16
19
21
25
26
27
32-1
32-2
33
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *