အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေစင်နှင့် တာဝန်ရှိသူများ၊ ရမည်းသင်းမြို့ အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ရမည်းသင်းမြို့နယ် တပ်နယ်မှူး၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ကျောင်းအုပ်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အစိုးရစက်မှုလက်မှု သိပ္ပံ(ရမည်းသင်း) ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာများဖြင့် ပက်ဖျန်း၍ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံအတွင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများနှင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရန် သက်မွေး ပညာရေးသည် အခြေခံကျသဖြင့် နိုင်ငံတော်အနေဖြင့် သက်မွေးပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ၊ စက်မှုလက်မှုသိပ္ပံများကို စဉ်ဆက်မပြတ်တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အရည်အသွေးပြည့်မီသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ သယံဇာတရေးရားဝန်ကြီး က ကျေးဇူးတင်စကားပြောကြား၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်များကို ကြည့်ရှုအားပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများကို အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ခန်းများတွင် သင်ကြားသင်ယူမှု ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးကြပြီး လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်နှင့် အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းအားပေးခဲ့ပါသည်။

ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ပဲခူး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တို့ကို တပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

1
1-2
2
4
4-1
4-2
5-1
7
8
9
10
12
14
15
16
17
18
18-1
19-1
20
21
22
23
24
25
26
26-0
26-1
26-2
27
27-0
28-1
29
29-1
30
30-0
33
34
35
37
37-1
38
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *