ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တို့တွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုများကို  ကြည့်ရှုအားပေးပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရေး  ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ၌ ဗလငါးတန်နှင့် ပြည့်စုံသော အဓိကစွမ်းအားစုများအဖြစ် ပါဝင် နိုင်ရန်နှင့် ပြည်သူလူထုက အားထားရသည့် အရည်အသွေးပြည့်ဝသော  အင်ဂျင်နီယာကောင်းများဖြစ်စေရေး  ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ စာသင်ခန်းများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြား၊သင်ယူလျက်ရှိသော ကျောင်းသား၊ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်မည့် အနာဂတ်ကြယ်ပွင့်လေးများ ဖြစ်၍ ခံယူချက်၊ယုံကြည်ချက်များ မှန်ကန်ခိုင်မာရန်၊ စဥ်းစားတွေးခေါ်နိုင်စွမ်း၊ အကြောင်းအကျိုး အကောင်းအဆိုးနှင့် အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းများ မြင့်မားရန်၊ ကျင့်ဝတ်များကို လေးစားလိုက်နာကြရန်၊ နည်းပညာဆိုင်ရာ လေ့လာမှု၊ တီထွင် ဖန်တီးမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ စာသင်ခန်းများ၌ သက်ဆိုင်ရာ သင်တန်းနှစ်အလိုက် သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံ့အကျိုးပြု IT နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နောက်ဆုံးပေါ် ITနည်းပညာများကို လေ့လာသင်ယူကြရန်၊ Artificial Intelligence (AI)၊  Cyber Security၊ Augmented Reality (AR)၊ Virtual Reality (VR)၊ Data engineering နှင့် Cloud computing ဆိုင်ရာ သုတေသနများ ဆောင်ရွက်ကြရန် ပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက သုတေသနပရောဂျက်များ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သို့ရောက်ရှိပြီး ကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် စာသင်ခန်းများ၊ အလုပ်ရုံများနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းတွင် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၄င်းတို့၏ မိဘ၊ အုပ်ထိန်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျောင်းဝင်ခွင့် လျှောက်လွှာတင်ရန် ပြင်ဆင်နေမှုများ၊ ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေးကြောင်း သိရသည်။

1
2
5
6
6-1
7
9
11
11-2
12-1
12-5
12-7
13
15
15-1
15-2
15-3
16
19
20
21
22
22-0
22-1
23-1
23-2
23-4
23-6
previous arrow
next arrow
Shadow

 

Leave a Reply

Your email address will not be published. Required fields are marked *