အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁

အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နိုင်ငံတော်အတွက် အရည်အသွေးရှိ အခြေခံ အဆောက်အအုံ၊ National Quality Infrastructure တည်ဆောက်ရန်လိုအပ်သည့် စံချိန်စံညွှန်းများ ပေါ်ထွက် ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေးတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်မှုများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေးသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူမည့် လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်းနှင့် သက်ဆိုင်ရာနည်းပညာ ဆပ်ကော်မတီ များအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်း များနှင့် အများပြည်သူသဘောထားမှတ်ချက်များ ရယူဆောင်ရွက်ခဲ့ပြီးသော မြန်မာစံချိန်စံညွှန်းမူကြမ်း အကျဉ်းချုပ်များအား ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ကြပါသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)၏ အတည်ပြုဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများတင်ပြခြင်း၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီမှတင်ပြလာသည့် အများပြည်သူသဘော ထားမှတ်ချက်ရယူပြီးသော စံချိန်စံညွှန်းမူကြမ်း(၆၃)ခုကို မြန်မာစံချိန်စံညွှန်းများ အဖြစ် အတည်ပြုချမှတ်နိုင်ရေး၊ ရွှေအရည်အသွေးနှင့် အလေးချိန်အတိုင်းတာဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရေးအတွက် ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီကို အတည်ပြုဖွဲ့စည်းနိုင်ရေး၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည် ဖော်ဆောင် ရွက်မည့် အခြေအနေများ၊ အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body)၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား  Registration နှင့် Designation  ပြုလုပ်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ စံချိန်စံညွှန်း လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များက အတည်ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာစံချိန်စံညွှန်းများ နှင့်အညီ မြန်မာစံချိန်စံညွှန်းများသတ်မှတ်နိုင်ရေး၊ နိုင်ငံတကာအသိအမှတ်ပြုလွှာနှင့် အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက်များထုတ်ပေးခြင်းဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ ထုတ်လုပ်သူများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်ရုံအလုပ်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

3
4
4-2
5
6
6-2
6-3
7
8
9
9-1
10
11
12
13
13-3
17
17-2
18
19
20
21
21-2
23
24
26
27
30-2
30-2-1
30-3
31
33-3-0
33-4
33-5
33-6
33-7
33-8
33-9
33-10
33-11
33-12
33-13
33-14
46
46-2
48
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *