ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပုသိမ်မြို့ရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်များ၌ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး

ပုသိမ်၊ ဒီဇင်ဘာ ၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ အတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်သည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာကောင်းများကို မွေးထုတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပုသိမ်မြို့ရှိ  သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်/ကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)သို့  ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် မြန်ဆန်စွာ အကျိုးပြုနိုင်သည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်၊ဒေသတွင်း MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင် များကို စဥ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား၊ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် အလုပ်ရုံများ၌  လက်တွေ့လုပ်ငန်းများ အေးချမ်းပျော်ရွှင်စွာ လေ့ကျင့်ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးခဲ့ကာ နိုင်ငံတော်က အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် သက်မွေးပညာရှင် လူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အမျိုးသားရေးလုပ်ငန်းစဥ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့်   IT ပညာရှင်များကို မွေးထုတ်ဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နောက်ဆုံးပေါ် IT နည်းပညာများဖြင့် Quick Win ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကာ ဘာသာရပ်အလိုက်၊သင်တန်းနှစ်အလိုက် စာသင်ခန်း အသီးသီးတို့၌ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ပြီး ဤတက္ကသိုလ်မှ လေ့လာဆည်းပူး၍ ရရှိသည့် IT နည်းပညာများဖြင့် မိမိတို့၏ ဘဝများကို အောင်မြင်အောင် တည်ဆောက်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော်ရာတွင်လည်း အုတ်ကောင်း တစ်ချပ်၊သဲကောင်းတစ်ပွင့်အနေဖြင့် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ပြီး ရရှိလာသည့် သုတေသနရလဒ်များကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ MSMEsလုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့ကာ စပါးခွံလောင်စာသုံး Gasifier စက်ရုံများ၊ စက်မှုလယ်ယာလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် နည်းပညာများဆိုင်ရာ သုတေသနများကို မြှင့်တင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

1
2
3
4
6
7
8
9
10
11
12
13
14
15
17
18
19
20
21
22
23
29
31
32
33
34
35
36-1
36-2
36-3
36-4
36-5
36-7
37
37-1
37-2
37-3
37-5
37-6
37-7
37-8
38
38-1
38-2
39-1
40-1
40-2
40-3
40-4
40-5
40-6
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *