မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM” တို့အကြား  နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးချရေး ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားခဲ့သည့် “နျူကလီးယားစွမ်းအင် အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ” အရ မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင် ဆိုင်ရာ အသိပညာမျှဝေ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံအတွင်းရှိ သတင်းမီ ဒီယာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM မှ ဆက်သွယ်ရေးဌာန၏ အကြီးအကဲ Mr. Andrey Timonov  တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပါသည်။ ထို့နောက် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှ တာဝန်ရှိသူနှင့် Strana Rosatom သတင်းဌာန အယ်ဒီတာချုပ်တို့မှ နျူကလီးယားနည်းပညာနှင့် နျူကလီးယားစွမ်းအင် ဆိုင်ရာ အသိပညာများအား ဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာကြသော သတင်းမီဒီယာဌာန များမှ သိရှိလိုသည်များကို မေးမြန်းကြခြင်း၊  ဉာဏ်စမ်းပဟေဠိများ မေးမြန်းဖြေဆိုကြခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချမှုရှိသည့် သန့်ရှင်းသော စွမ်းအင် အမျိုးအစားဖြစ်သည့် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် သတင်းမီဒီယာများအား ပံ့ပိုး ပေးခဲ့ကြောင်း သတင်းရရှိသည်။

1
2
3
3-1
3-2
4
6
7
8
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *