သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)တို့အားသွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက် နှင့် ၂၄ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးသည် မေလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိပြီး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်တတ်ကြွစွာ အားကစား ပြုလုပ် နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေး အတွက် စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန်လမ်းညွှန်မှာကြား၍ ဆရာ၊ဆရာမ ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပင်မစာသင်ဆောင်ရှိ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများ၊ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ ဆောင်များ၊ ကန်တင်နှင့်အားကစားကွင်းတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနည်းပညာတက္ကသိုလ် နှင့် အစိုးရနည်းပညာ ကောလိပ်(မန္တလေး) တည်ဆောက်ရေးစီမံကိန်းနေရာ သို့ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်း တွင် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ရှိစုဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လူ့အဖွဲ့အစည်း၊ လူသားများနှင့် ပတ်ဝန်းကျင်ကောင်းကျိုးအတွက် ဆန်းသစ်တီထွင်နိုင် သော သုတေသီများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတွင် ထိထိ ရောက်ရောက် အကျိုးပြုနိုင်သော အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် သုတေသီများ ဖြစ်လာ စေရန် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြးပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ မိမိတို့ရရှိထားသော အရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိ ပေးနိုင်ရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန် မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ ဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့ကို လမ်းညွှန်မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

1
2
3
4
5
6
7
8
8-1
10
11
12
13
14
14-1
15
16
16-2
16-3
17
20
21
22
22-2
22-3
24
25
25-1
25-2
25-3
26
27
27-1
28-2
29
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *