၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့်ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ သတ္တမနေ့ အုပ်စု ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၃

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ဘောလုံးအသင်းများမှ နိုင်ငံ့လက်ရွေးစင် ဘောလုံးအား ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျန်းမာကြံ့ခိုင်၍ စည်းလုံးညီညွှတ်ကာ ဗလ ၅ တန် ဖွံ့ဖြိုးသည့် ကျောင်းသားရပ်ဝန်းဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ သတ္တမနေ့ အုပ်စုပွဲစဉ် များအား ဧပြီ ၃ ရက်နေ့တွင် ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊  ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အုပ်စု(၂) ကွန်ပျူတာတက္ကသိုလ်(အောက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(က)နှင့် အသင်း(ဂ)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဆက်လက်ကစားမည့်ပွဲစဉ်များနှင့် နောက်နှစ်တွင် ဆက်လက်ကျင်းပသွားမည့် ပြိုင်ပွဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို အစီစဉ်တကျ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။ ပွဲစဉ်အပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ယင်းပွဲစဉ် တွင် အသင်း(က)မှ အသင်း(ဂ)ကို ၃ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် အုပ်စု ၄ နည်းပညာတက္ကသိုလ် (အောက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အသင်း(က) နှင့် အသင်း(ခ)တို့ ယှဉ်ပြိုင် နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ ၌ အသင်း(ဂ) နှင့် အသင်း(ဃ)တို့  ယှဉ်ပြိုင်နေမှု ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါပွဲစဉ်များတွင် အသင်း(က) မှ အသင်း(ခ)ကို ၄ ဂိုး – ၁ ဂိုးဖြင့်လည်းကောင်း၊ အသင်း (ဂ) မှ အသင်း(ဃ)ကို ၃ ဂိုး – ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *