၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၂

တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင် ရွက်ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည်ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်  ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များအား ဧပြီ ၂ ရက်နေ့တွင် ဆက်လက် ကျင်းပသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အုပ်စု ၁ ကွန်ပျူတာတက္ကသိုလ် (အထက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(က) မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ၊ ဗန်းမော်)နှင့် အသင်း(ဂ) ကွန်ပျူတာက္ကသိုလ်(မကွေး၊ မိတ္ထီလာ)တို့ ယှဉ်ပြိုင်ကစားကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ယင်းပွဲစဉ်တွင် အသင်း(ဂ) မှ အသင်း(က)ကို ၄ ဂိုး – ဂိုးမရှိ ဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ ၌ အုပ်စု ၃ နည်းပညာတက္ကသိုလ်(အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ဂ) နည်းပညာတက္ကသိုလ် (မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း) နှင့် အသင်း(ဃ) နေပြည်တော်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်း နှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ၊ ရမည်းသင်း)တို့မှ ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းပွဲစဉ်တွင် အသင်း(ဃ) မှ အသင်း(ဂ) ကို ၅ ဂိုး –  ၁ ဂိုး ဖြင့် အနိုင်ရရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၂ ၌ ယနေ့ပြိုင်ပွဲ မယှဉ်ပြိုင်သည့် အသင်းများ လေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ကျောင်းသားအားကစားသမား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အုပ်စု ၃ နည်းပညာတက္ကသိုလ်ပွဲစဉ်များဖြစ်သည့် အသင်း(က) မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူ)နှင့် အသင်း(ခ) နည်းပညာတက္ကသိုလ် (ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)တို့ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ပါသည်။ ယင်းပွဲစဉ်တွင် အသင်း(က)မှ အသင်း(ခ) ကို ၂ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *