ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိူးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Nuclear technology information center၊ Peter the Great St. Petersburg Polytechnic University နှင့် Hermitage Museum တို့ကို သွားရောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက်လေ့လာကြသည်။

ဦးစွာ မြန်မာနိုင်ငံတွင် နျူကလီးယားပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု နိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုယုံကြည်စိတ်ချ လက်ခံနားလည် သဘောပေါက်သိမြင် လာနိုင်စေရေးအတွက် ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ဖွင့်လှစ်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOMနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နျူကလီးယားနည်းပညာ ပြန်ကြားရေးဌာနသို့ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ယာနစ်ချင်ကာက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေးခန်းမတွင် Nuclear Technology Information Center မှ ပြည်သူလူထုအတွက် အသိပညာပေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Nuclear technology information center အတွင်း ပြသထားသည့် ပုံစံငယ်များ၊ Virtual Reality digital နည်းပညာဖြင့် ခင်းကျင်းပြသမှုများ၊ စွမ်းအင်များကို အကျိုးရှိရှိထိရောက်စွာ ထုတ်လုပ်မှုများ၊ Nuclear နည်းပညာ၏ လူသားနှင့် ပတ်ဝန်းကျင်အပေါ် မထိခိုက်စေဘဲ အကျိုးပြုမှုများနှင့် သတင်းအချက်အလက်များကို လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်းပြသ ကြသည်။

ပြည်ထောင်စုဝင်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Peter the Great St. Petersburg Polytechnic University သို့ ရောက်ရှိကြရာ ပါမောက္ခချုပ် ရုဒ်စကွိုင် အန်ဒရယ်အိက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတိုသင်တန်းများ၊ ကျွမ်းကျင်မှု လက်ဆင့်ကမ်း သင်တန်းများ၊ ဘွဲ့လွန်သင်တန်းများ၊ Student exchangeနှင့် faculty exchange အစီအစဉ်များ ဆောင်ရွက် နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်အတွင်း သင်ကြားသင်ယူနေမှုများနှင့် လက်တွေ့ဆောင်ရွက် နေမှုများ၊ သုတေသနစီမံကိန်းများကို လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။

အဆိုပါ တက္ကသိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ကျော်ခန့်က စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်ကာ၊ နိုဗယ်ဆုရသိပ္ပံပညာ ရှင်များမွေးထုတ်ပေးနိုင် သည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်မှုပြည့်ဝသည့် သိပ္ပံနှင့်နည်းပညာနယ်ပယ်စုံ အသိပညာရှင်/ အတတ် ပညာရှင်နှင့် အင်ဂျင်နီယာများကို ပြုစုပျိုးထောင်ပေးနေသည့် တက္ကသိုလ်ဖြစ်သည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် Hermitage Museum အတွင်း ခင်းကျင်းပြသထားသည့် သမိုင်းဝင်အနုပညာလက်ရာ အမွေအနှစ်များနှင့် မှတ်တမ်းများကို ကဏ္ဍအလိုက် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများကို လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။                (သတင်းစဉ်)   

Leave a Reply

Your email address will not be published. Required fields are marked *