ISO 9004:2018 Awareness Workshop အလုပ်ရုံဆွေးနွေးပွဲ

နေပြည်တော်၊ ဇန်နဝါရီ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှကြီးမှူး၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ အား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆိုင်ရာ “ISO 9004:2018 Quality Management- Quality of an organization-Guidance to achieve sustained success” အရည်အသွေးစီမံခန့်ခွဲမှု – အဖွဲ့အစည်း၏ အရည်အသွေး – ရေရှည်တည်တံ့သည့် အောင်မြင်မှုရရှိရန် လမ်းညွှန်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေ:ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက Virtual Mode ဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ ခိုင်မာအားကောင်းစေရန်၊ စံချိန်စံညွှန်းသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိပြီး စံချိန်စံညွှန်းများကို အသုံးချနိုင်ရန်နှင့် စံချိန်စံညွှန်းပါ ဖော်ပြချက်များကို သိရှိနားလည်နိုင်ရန် အရေးကြီးပါကြောင်း၊ ISO 9004:2018 အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကို ကျင်းပခြင်းဖြင့် အဖွဲ့အစည်း၏ ရေရှည်တည်တံ့သော အောင်မြင်မှုဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနိုင်ခြင်း၊ အဖွဲ့အစည်း၏ ရင့်ကျက်မှုအဆင့်အား Self-Assessment Tool ဖြင့် အကဲဖြတ်၍ အဖွဲ့အစည်း၏ အားနည်းချက်၊ အားသာချက်တို့ကိုဆန်းစစ်နိုင်ပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းစသည်တို့နှင့်ပတ်သက်၍ အသိပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဤအသိပညာများကို လက်တွေ့အသုံးချနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၇)ခုမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ စုစုပေါင်းလူဦးရေ (၁၀၀)နီးပါးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။  

Leave a Reply

Your email address will not be published. Required fields are marked *