Call for ASEAN-US Science prize for Women (2022)

Underwriters Laboratories ASEAN-U.S. Science Prize for Women (2022)
အမျိုးသမီးများအတွက် Underwriters Laboratories အာဆီယံ အမေရိကန်သိပ္ပံဆု (၂၀၂၂)

အမေရိကန်အစိုးရသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၊ Underwriters Laboratories တို့နှင့် ပူးပေါင်း၍  အာဆီယံသိပ္ပံ၊ နည်းပညာစွမ်းရည်နှင့် ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန် ရည်ရွယ်၍ Underwriters Laboratories – ASEAN – U.S. Science Prize for Women ဆုကို နှစ်စဉ်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခု ၂၀၂၂ ဆုတွင် အာဆီယံနိုင်ငံ၊ အလယ်အလတ်နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အမျိုးသမီးသိပ္ပံပညာရှင်များကို ၎င်းတို့၏ကျွမ်းကျင်မှုဆိုင်ရာ အောင်မြင်မှုများအတွက် အာဆီယံ၊ အမေရိကန်အစိုးရနှင့် Underwriters Laboratories တို့မှ အသိအမှတ်ပြုဆုများ ပေးအပ်သွားမည်ဖြစ်ပါသည်။

၂၀၂၂ ဆုသည် Science, Technology, Engineering and Math (STEM) ကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် စံနမူနာအဖြစ် ဆောင်ရွက်ခဲ့သူများနှင့် လူမှုအဖွဲ့အစည်းအား ရေရှည်တည်တံ့ခိုင်မြဲစေသော နည်းလမ်းများဖြင့် တိုးတက်စေရန် ဆောင်ရွက်ခဲ့သည့် အမျိုးသမီးသိပ္ပံပညာရှင်များ၏ အခန်းကဏ္ဍကို အဓိကထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယခုနှစ်တွင် အဆိုပါ ဆုသည် Artificial Intelligence (AI) in Healthy and Safety ဆောင်ပုဒ်ကို အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရှေ့တောင်အာရှတွင် Artificial Intelligence (AI) အသုံးပြုမှုသည် စတင်ဖွံ့ဖြိုးဆဲဖြစ်သည်။ ဒေသတစ်ခု၏ AI ecosystem ၊ data governance နှင့် infrastructure အားကောင်းလာစေရန် AI ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေမည့် စည်းမျဉ်းများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် AI လက်ခံကျင့်သုံးမှုကို တိုးမြင့်စေပါသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုပ်ငန်းခွင်ဘေးကင်းရေး နယ်ပယ်များတွင် AI နည်းပညာ တိုးတက်လာစေရန်အတွက် AI အသုံးပြုမှုအား သုတေသနပြုလုပ်ရန် လိုအပ်ပါသည်။ အဆိုပါဆောင်ရွက်မှုများမှတစ်ဆင့် AI ကို ပိုမိုအသုံးပြုခြင်းအားဖြင့် အာဆီယံလူဦးရေ သန်း (၆၆၀) ကျော်အတွက် ကျန်းမာရေးနှင့်ဘေးကင်းရေးတို့ကို တိုးတက်ကောင်းမွန်စေပြီး ကိုဗစ်-၁၉ စီးပွားရေးပြန်လည် ထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲအတွက် Mid-career Scientist နှင့် Senior Scientist ဟူ၍ အမျိုးအစား(၂)ခုတွင် လျှောက်ထားနိုင်ပြီး ပါဝင်လျှောက်ထားသူများသည် အာဆီယံနိုင်ငံသားများ ဖြစ်၍ ပါရဂူဘွဲ့ရရှိထားသူများ ဖြစ်ရမည်ဖြစ်ပါသည်။ အသက်(၄၅)နှစ်နှင့်အောက် အမျိုးသမီးသိပ္ပံပညာရှင်များသည် Mid-career Scientist အတွက်လည်းကောင်း၊  အသက်(၄၆)နှစ်နှင့်အထက် အမျိုးသမီးသိပ္ပံ ပညာရှင်များသည် Senior Scientist အတွက်လည်းကောင်း လျှောက်ထားရမည် ဖြစ်ပါသည်။ အမျိုးအစား(၂)ခုစလုံးတွင် ပထမရရှိသူတစ်ဦးချင်းစီအား ၎င်းတို့၏အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းများနှင့်အတူ အမေရိကန် ဒေါ်လာ (၁၂၅၀၀) နှင့် ဆုအမျိုးအစား(၁)ခုစီမှ Finalist သို့ ဝင်ရောက်သူများအား ဂုဏ်ထူးဆောင်ဆုနှင့် အမေရိကန်ဒေါ်လာ (၅၀၀၀) ချီးမြှင့်မည် ဖြစ်ပါသည်။

2022 Underwriters Laboratories – ASEAN -U.S. Science Prize for Women ဆုသည် Science, Technology, Engineering and Math (STEM) ကဏ္ဍမှ အမျိုးသမီးသိပ္ပံပညာရှင်များ၏ အခန်းကဏ္ဍကို အဓိကထား၍ ကျန်းမာရေး (သို့မဟုတ်) ဘေးကင်းရေးကဏ္ဍအတွက် ရလဒ်ကောင်းများကို ရရှိစေရန် Artificial Intelligence (AI) အသုံးပြုခြင်းကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ သုတေသန ဌာနများ (သို့မဟုတ်)တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် သုတေသနပညာရှင်များသာမက အစိုးရအဖွဲ့ အစည်းများမှ သိပ္ပံပညာရှင်များ၊ သုတေသီများ၊ ကျွမ်းကျင်သူများ၊ နည်းပညာရှင်များနှင့် ဆန်းသစ်တီထွင် သူများ၊ ပုဂ္ဂလိကကဏ္ဍ၊ Civil Society Organizations (CSO) (သို့မဟုတ်) Non-Government Organizations (NGO) တို့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်သူများသည် (၁၈-၃-၂၀၂၂) ရက်နေ့ နောက်ဆုံး ထား၍ Mid-career Scientist အတွက် https://scienceprize4women.asean.org/index.php/ registration-for-mid-career-category-the-applicant-must-be-45-years-and-below-at-the-time-of-the-close-of-the-application-period/ တွင်လည်းကောင်း၊ Senior Scientist အတွက် https:// scienceprize4women.asean.org/index.php/registration-for-senior-category-the-applicant-must-be-above-45-years-of-age-at-the-time-of-the-close-of-the-application-period/ တွင်လည်းကောင်း မှတ်ပုံတင်၍ ဝင်ရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *