ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ပုသိမ် ဧပြီ ၃

နိုင်ငံတော်အတွင်းရှိ စပါးခွံလောင်စာသုံး Gasifierစက်ရုံများကို နည်းပညာအဆင့်နှင့် စွမ်းရည်များ မြှင့်တင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိအောင် နည်းစနစ်တကျ တပ်ဆင် အသုံးပြုနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လုပ်ငန်းစဥ်များချမှတ်ကာ ဆက်စပ် ဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၁ ရက်နေ့၌ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ကျင်းပ ပြုလုပ်သည့် Gasifier နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂-၁၂-၂၀၂၃ ရက်နေ့က တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူး၍ Gasifier စက်ရုံ တပ်ဆင်သုံးစွဲသူများ လိုက်နာရမည့် Standard Operating Procedure (SOP) မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲ၏ နောက်ဆက်တွဲအနေဖြင့် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးရည်မှန်းချက်များကို အောင်မြင်ပြည့်မီအောင် ဆောင်ရွက်ရာ၌ ဆန်စက်များ၊MSME ကုန်ထုတ်စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်အတွက် ပေါကြွယ်ဝလျက် ရှိသော စပါးခွံများကို မစွန့်ပစ်ဘဲ လျှပ်စစ်ဓာတ်အားထုတ်ယူရာတွင် ပြန်ပြည့်မြဲစွမ်းအင်လောင်စာအဖြစ် အကျိုးရှိရှိ သုံးစွဲနိုင်ပါကြောင်း၊ ယင်းသို့ သုံးစွဲရာတွင် မျိုးဆက်သစ်များအတွက် သာယာလှပသော နိုင်ငံ့ ရေမြေသဘာဝပတ်ဝန်းကျင်အမွေကို ချန်ရစ်ထားခဲ့နိုင်ရန်၊ ကျန်းမာ‌ရေးဆိုးကျိုးနှင့်  ဘေးအန္တရာယ်များ ကင်းရှင်းရန်၊ စွမ်းရည်မြင့်လျှပ်စစ်ထုတ်လုပ်နိုင်မှု တို့အတွက် Reactor မီးဖို၊ ဓာတ်ငွေ့သန့်စင် စနစ်၊ ဖွဲပြာခြွေ၊ ဖွဲပြာစစ်/ဖယ်ထုတ်စနစ်၊ အိပ်ဇောစနစ်၊ ရေဆိုးစစ်ကန် စသော Gasifier စက်ရုံရှိ အစိတ်အပိုင်းများ ဒီဇိုင်းမှန်ကန်ရန်နှင့် သတ်မှတ်လုပ်ငန်းစဥ်အတိုင်း သုံးစွဲရန် လိုအပ်သဖြင့် စက်စွမ်းအားပမာဏ(ကီလိုဝပ်) ပေါ်မူတည်၍ SOP များ ချမှတ်ရန် ပူးပေါင်းဆောင်ရွက်နေကြကြောင်း။

စက်ရုံမှ စွန့်ပစ်ပစ္စည်းများမှ လူနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှုမရှိစေဘဲ အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ကြောင်း၊ အမှန်တကယ်မှာ ဓာတ်ငွေ့ထုတ်ယူပြီးနောက်  စက်ရုံထွက် ပစ္စည်းများကို အလဟဿစွန့်ပစ်ရန်မလိုဘဲ  အခြားပစ္စည်းများနှင့် ရောစပ်ကာ Zero Waste ဖြစ်သည်အထိ ပြန်လည်အသုံးချနိုင်သည့် နည်းပညာများလည်း ရှိကြောင်း၊ ယင်းသို့ အသုံးချကာ ထုတ်ကုန်များ ထုတ်လုပ် နိုင်ပါက  အပိုဝင်ငွေများ ထပ်ဆောင်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Gasifier ထွက်ပစ္စည်းများကို ထိုသို့ပြန်လည် အသုံးပြုနိုင်သည်ကို ဂယနဏ မသိရှိ၍ စွန့်ပစ်နေကြခြင်းဖြစ်ပါကြောင်း၊သို့ဖြစ်ရာ နိုင်ငံ့ရေရှည်အကျိုး အတွက် Gasifier စနစ်တကျ တပ်ဆင်သုံးစွဲရန်အပြင် စွန့်ပစ်ပစည်း ပြန်လည်အသုံးချရေး စီမံခန့်ခွဲမစနစ် ထားရှိရန်၊ တာဝန်ရှိသူများနှင့် ပြည်သူများ၊ သုတေသနပညာရှင်များနှင့် လုပ်ငန်းရှင်/စက်ဆရာများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဒေသခံ Gasifier စက်ရုံပိုင်ရှင်များက ယခင် ဆွေးနွေးပွဲက သိရှိခဲ့သည့် ဓာတ်ငွေ့သန့်စင် စနစ်ဆိုင်ရာ အချက်များအတိုင်းတပ်ဆင်ရာ ဓာတ်ငွေ့အရည်အသွေး တိုးတက်ကောင်းမွန်ရရှိမှုနှင့် အခြား တိုးတက်လာမှု အချက်များကို ရှင်းလင်းတင်ပြကြပြီး သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းကြရာ ဒုတိယ ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြည့်စွက်ရှင်းလင်းဖြေကြားကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒေသခံ Gasifier စက်ရုံပိုင်ရှင်များသည် စက်မှုအင်ဂျင်နီယာဌာနတွင် တည်ဆောက်ကာ သုတေသနဆောင်ရွက်လျက်ရှိသော  ဖွဲပြာစစ်ထုတ်စနစ်ပုံစံငယ် နှင့် မြို့ပြအင်ဂျင်နီယာဌာနတွင် သုတေသန ဆောင်ရွက်လျက်ရှိသော အလျားလိုက်နှင့် ဒေါင်လိုက် ရေဆိုးစစ်ကန်ပုံစံငယ်များကို လေ့လာကြည့်ရှုကြရာ ဒေသခံ Gasifier စက်ရုံပိုင်ရှင်များက သိရှိလိုသည်များကို မေးမြန်းကြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။

1
2
2-1
3
4
6
7
8
9
10
10-2
10-3
11
12
13
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *