နိုင်ငံ့ရေရှည်အကျိုးတိုးပွားရေး အရည်အသွေးပြည့်မီသော အင်ဂျင်နီယာ/နည်းပညာရှင်ကောင်းများ မွေးထုတ်ရင်း သုတေသနများ မြှင့်တင်ဆောင်ရွက်

ပုသိမ်၊ ဧပြီ ၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာစာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား၊ ကျောင်းသူများက Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာ  ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ရေးဖြေစာမေးပွဲခန်း များ၌  ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကိုကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူ များ စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများ အတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌  Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ရူပဗေဒဌာနနှင့် အင်ဂျင်နီယာဓာတုဗေဒဌာနများရှိ လက်တွေ့ခန်းများတွင် သင်ထောက်ကူ ပစ္စည်းသစ်များ ထပ်မံဖြည့်ဆည်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ Electrotechnology နှင့် အခြားလက်တွ့ခန်းများကို ကြည်ရှု့စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများကို အခြေခံသီအိုရီမှသည် လက်တွေ့ခန်းအတွင်း သုတေသနပြုစမ်းသပ်မှုမှတစ်ဆင့် ပြင်ပလုပ်ငန်းခွင်ရှိ ပကတိအခြေအနေတို့ကိုပါ ထင်ဟပ်ချိတ်ဆက်ကာ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စက်မှု အင်ဂျင်နီယာဌာနတွင် သုတေသန ဆောင်ရွက်လျက်ရှိသော ကောက်စိုက်စက် (Paddy Transplanter)ကို ကြည့်ရှုစစ်ဆေးပြီး သမားရိုးကျ ICE ယာဥ်အစား လျှပ်စစ်သုံးယာဥ် (EV)အဖြစ် ပြောင်းလဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင်ပါ စမ်းသပ်သုံးစွဲရန်နှင့် လိုအပ်သည်များကို မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အဆောင်(၁)အနီးတပ်ဆင်ထားသော ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ် စနစ်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် တက္ကသိုလ်ဝင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ ‌ရောက်ရှိကာ Internship ဆင်းရန် ပြင်ဆင်လျက်ရှိသော ကျောင်းသား၊ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ် အားထားရသော IT နည်းပညာရှင်ကောင်းများအဖြစ် ပါဝင်နိုင်ရေး၊ ဗလ ငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်  ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံ့ရေရှည်အကျိုး တိုးပွားစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် အထောက်အကူ ပြုနိုင်မည့် အရည်အသွေး ပြည့်မီသော အင်ဂျင်နီယာများ၊နည်းပညာရှင်များကို စဥ်ဆက်မပြတ် မွေးထုတ်နိုင် ရေးနှင့် အမျိုးသားရေးရည်မှန်းချက်များ ပြည့်မီစေရေး တစ်တပ်တစ်အားဖြစ်စေမည့် သုတေသနလုပ်ငန်း များကို ထိရောက်ပီပြင်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရေး  အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်သည်။  ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

1
2
3
4
5
7
8
10
11
13
13-1
14
15
16
17
18
18-2
19
21
22
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *